Asian Academy Creative Awardsအတွက် မြန်မာနိုင်ငံကဇာတ်ကားတွေနဲ့ ဆန်ကာတင်စာရင်းဝင်များ

16-10-2020.jpg

စင်ကာပူနိုင်ငံက ဦးစီးကျင်းပပြီး အာရှပစိဖိတ်‌နိုင်ငံတွေရဲ့ အနုပညာဖန်တီးမှု အကောင်းဆုံးထူးချွန်ဆုတွေကို နှစ်စဉ်အကဲဖြတ်ဆုပေးနေတဲ့ Asian Academy Creative Awards (အာရှအနုပညာဆိုင်ရာတီထွင်ဖန်တီးမှု အကယ်ဒမီဆုချီးမြှင့်ပွဲ) ပွဲကြီးမှာ နိုင်ငံပေါင်း (၁၆) နိုင်ငံက National Winner တွေကို အောက်တိုဘာ ၁၅ ရက်နေ့က ကြေညာပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ဇာတ်ကားနဲ့ ဇာတ်လမ်းတွဲ (၃) ကားအပါအဝင် ကဏ္ဍအသီးအသီးမှ အနုပညာရှင်၊ အတတ်ပညာရှင်တွေက National Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Asian Academy Creative Awards ရဲ့ နောက်ဆုံးကျင်းပမယ့် Gala Awards အတွက် မြန်မာနိုင်ငံကိုယ်စားပြု National Winner တွေက ဆန်ကာတင်စာရင်းထဲဝင်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံက (လောကကြိုးဝိုင်း အတွဲ ၂) ဇာတ်လမ်းတွဲမှ ခါရာက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် National Winner အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

ရုံတင်ဇာတ်ကားကြီးသူစိမ်းအိမ်မှ ကူးကူးဇင်အောင် (အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆု)၊ ထူးပိုင်ဇော်ဦး (အကောင်းဆုံး ဒါရိုက်တာဆု)၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုတွေအဖြစ် National Winner ရွေးချယ်ခံခဲ့ရပါတယ်။ ရုပ်သံဇာတ်လမ်းတွဲ “လိပ်ပြာ” ကလည်း အကောင်းဆုံးဇာတ်ဝင်တေးဆု – ENIEMES OF YOU (လိပ်ပြာ အတွဲ ၁)၊
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု – ဝေယံ Pbe (လိပ်ပြာ အတွဲ ၁)၊ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲဆု – လိပ်ပြာ အတွဲ ၁၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – ပန်းရောင်ခြယ် (လိပ်ပြာ အတွဲ ၁) စတဲ့ ဆု (၄) ဆုအတွက် National Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့အပြင် Yuri Film – ယူရီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာအာဂသူရက (အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု) အတွက် National Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ Dear Father – သို့ဖေဖေ ဇာတ်လမ်းတိုကလည်း အကောင်းဆုံးဇာတ်လမ်းတိုဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ အကောင်းဆုံး အားကစားအစီအစဉ်အတွက် WLC: King of Nine Limbsကလည်း National Winner အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မင်္ဂလာရုပ်ရှင်ရုံအန်နီးမေးရှင်းကိုလည်း အကောင်းဆုံးအသံဆုအတွက် National Winnerအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံက National Winner အဖြစ် ရွေးချယ်ခံခဲ့ရပြီး ဆန်ကာတင်စာရင်းဝင်သွားတဲ့အတွက် အခြားနိုင်ငံအသီးအသီးက ဇာတ်ကားများနဲ့အတူ ဆက်လက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ Grand Awards နဲ့ Gala Final ပွဲကြီးကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Asian Creative Academy Awards

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top