Samsung Myanmar ၏ ‘သိန်းပေါင်းထောင်ချီ ကံစမ်းမည်’ Lucky Draw အစီအစဉ်

sm1.jpg

ရန်ကုန်၊ မြန်မာ၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ၊ ၂၀၂၂ ခုနှစ် – Samsung ကုမ္ပဏီ စတင်တည်ထောင်သည့် ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Samsung Galaxy စမတ်ဖုန်းများနှင့် တက်ဘလက်ဆုမဲပေါင်း မြောက်များစွာအား ရရှိ ကံစမ်းသွားနိုင်မည့် ‘သိန်းပေါင်းထောင်ချီ ကံစမ်းမည်’ အထူး Lucky Draw အစီအစဉ်ကို Samsung Myanmar မှ မြန်မာတစ်နိုင်ငံလုံးတွင် နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှစတင်၍ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ် အထိ ၂ လတိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ Lucky Draw ကာလ (နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂ ခုနှစ်မှ ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်) အတွင်း မည်သည့် Samsung စမတ်ဖုန်း (သို့) တက်ဘလက် အမျိုးအစားကို မဆို ဝယ်ယူအားပေးသည့် Samsung ချစ်သူများ အနေနှင့် ဖော်ပြပါ QR Code (သို့) luckydrawsamsung.com သို့ဝင်ရောက်၍ လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီးသည်နှင့် တစ်ပြိုင်နက် ဆုလက်ဆောင်များအား ရရှိကံစမ်းသွားနိုင်မည် ဖြစ်သည်။

“ချစ်ခင်တန်ဖိုးထားရတဲ့ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ကျွန်တော်တို့ Samsung အနေနဲ့ အခုလို ၅၃ နှစ်တိုင်တိုင် အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာပါ။ ဒါကြောင့် အခုလို အထိမ်းအမှတ်ကာလမှာ Samsung Myanmar ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုလို မြောက်များလှတဲ့ Samsung Galaxy စမတ်ဖုန်းတွေနဲ့ တက်ဘလက်ဆုမဲတွေကို ရရှိကံစမ်းနိုင်ဖို့ စီစဉ်ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Samsung Myanmar အနေနဲ့ သုံးစွဲသူတွေရဲ့ ချစ်ခင်အားပေးမှုတွေကို အမြဲတမ်း လေးစားတန်ဖိုးထားလျက်ရှိပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေနဲ့ အတူ စိတ်လှုပ်ရှားစရာ ပရိုမိုးရှင်းအစီအစဉ်များစွာကိုလည်း ဆက်လက်ဖန်တီးပေးအပ်သွားဖို့ တစ်စိုက်မတ်မတ် ကြိုးစား သွားမှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr. Harrison Song မှ ပြောကြားခဲ့သည်။

ဤ ၂ လကြာ ‘သိန်းပေါင်းထောင်ချီ ကံစမ်းမည်’ Lucky Draw အစီအစဉ်တွင် မြောက်များစွာသော ဆုမဲများအား အပတ်စဉ် (၉ ပတ်) နှင့် လစဉ် (၂ လ) ကျပန်းမဲနှိုက်ရွေးချယ်သွားမည် ဖြစ်သည်။ ပထမဆုံးပတ်၏ ကံထူးရှင်များအား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး စုစုပေါင်း Galaxy Tab A8 (၄) လုံး၊ Galaxy A13 (၄) လုံးနှင့် Galaxy A03 (၄) လုံးအား ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နှင့် ၂၅ ရက်၊ ဒီဇင်ဘာလ ၂ ရက်၊ ၉ ရက်၊ ၁၆ ရက်၊ ၂၃ ရက်၊ ၃၀ ရက် နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တို့တွင် အပတ်စဉ် Galaxy Tab A8 (၅) လုံး၊ Galaxy A13 (၅) လုံးနှင့် Galaxy A03 (၅) လုံးစီ (စုစုပေါင်း Galaxy Tab A8 (၄၅) လုံး၊ Galaxy A13 (၄၅) လုံးနှင့် Galaxy A03 (၄၅) လုံး) တို့အား မဲနှိုက်ရွေးချယ်၍ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှတဆင့် ကြေညာပေးသွားမည် ဖြစ်သည်။

ထို့အပြင် Lucky Draw ကာလအတွင်း ဝယ်ယူအားပေးသူများ အားလုံးသည် လစဉ် Mega ဆုကြီးများကိုလည်း ကံထူး ရရှိသွားနိုင်မည် ဖြစ်သည်။ လစဉ်ကံထူးရှင်များအား ဒီဇင်ဘာလ ၂ ရက်နေ့တွင် Galaxy Z Flip 4 (၂) လုံးနှင့် Galaxy S22+ (၂) လုံး၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် Galaxy Z Flip 4 (၂) လုံးနှင့် Galaxy S22+ (၂) လုံး တို့အား Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှတဆင့် တိုက်ရိုက် LIVE မဲနှိုက်၍ ရွေးချယ် ပေးသွားမည် ဖြစ်သည်။

အသေးစိတ်အချက်အလက်များနှင့် စည်းမျဉ်းစည်းကမ်းများအား နီးစပ်ရာ Samsung အရောင်းဆိုင်များ၊ Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာ၊ https://www.samsung.com/mm နှင့် Call Center : 01-23988 တို့တွင် ကြည့်ရှုမေးမြန်းသွားနိုင်မည် ဖြစ်သည်။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top