JOOX က မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ထူးခြားသောဂီတအနုပညာပူးပေါင်းဖန်တီးမှုတစ်ရပ်အဖြစ် “Shake the World” ကို ဂုဏ်ယူစွာဖြင့်မိတ်ဆက်

50940771_2163889730320934_3939415785679618048_o.jpg

အာရှမှာ အလျင်မြန်ဆုံးဖွံ့ဖြိုးလျက်ရှိတဲ့ တေးသီချင်းအက်ပလီကေးရှင်းကုမ္ပဏီ JOOX က မြန်မာနဲ့ထိုင်းနိုင်ငံတွေက အကျော်ကြားဆုံးအနုပညာရှင်တွေပအနေနဲ့ ထူးခြားပြောင်မြောက်တဲ့ ဂီတအနုပညာပူးပေါင်းဖန်တီးမှုတစ်ရပ်ကို ပြုလုပ်ခွင့်ရရှိမယ့် “Shake the World” အစီအစဉ်ကြီးကို တရားဝင်မိတ်ဆက်ပေးလိုက်ပါတယ်။ JOOX အနေနဲ့ ဂီတအနုပညာရဲ့ စွမ်းပကားကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်းကလူအားလုံးကို ချိတ်ဆက်သွားနိုင်မယ့်ရည်ရွယ်ချက် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒီအစီအစဉ်မျိုးကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ မြင်တွေ့ရခြင်းလည်းဖြစ်ပါတယ်။

ဒီဂီတအနုပညာပူးပေါင်းမှုမှာ မြန်မာနဲ့ ထိုင်းထိပ်တန်းအနုပညာရှင်တွေ ပူးပေါင်းပြီး တေးသီချင်းကောင်း ၅ ပုဒ်ကို အတူတကွ ဖန်တီးကြမှာဖြစ်ပါတယ်။ ယခုလို နိုင်ငံနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ ထူးခြားပြောင်မြောက်တဲ့သီချင်းကောင်းတွေကို ဖန်တီးနိုင်ရေးအတွက် အနုပညာရှင်များအကြား လပေါင်းများစွာ ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ခြင်းရဲ့ရလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်း ရော့ခ်ဂီတအဖွဲ့ Big Bag က ထိုင်းနိုင်ငံက ထိပ်တန်းရော့ခ်ဂီတအဖွဲ့ “Silly Fools” နဲ့ ပူးပေါင်းဖန်တီးမှာဖြစ်သလို ရွှေထူးက ထိုင်းက The Toys အဖွဲ့နဲ့အတူ R&B သီချင်းတစ်ပုဒ်ကို ဖန်တီးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက Hip-Hop ဂီတအနုပညာရှင် Ar-T ကတော့ ထိုင်းနာမည်ကြီးအဆိုတော် “Two Popthorn” နဲ့တွဲဖက်ပြီး ထူးခြားတဲ့ဂီတပေါင်းစပ်မှုတစ်ခုကို ပြုလုပ်သွားမှာဖြစ်ကာ မိစန္ဒီကလည်း ထိုင်းက Stamp နဲ့အတူ သီဆိုသွားမှာပါ။ မြန်မာရက်ပ်ဂီတအနုပညာရှင် X Box နဲ့ ထိုင်းက Mild တို့ပူးပေါင်းပြီး သီချင်းတစ်ပုဒ်ရေးစပ်သီဆိုသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top