ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေဟာ ပိုလို့စိတ်ဓာတ်ကြံ့ခိုင်သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ

50913077_343358919847971_8152360845687390208_n.jpg

ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့တကယ်ခံစားနေရတာတွေကို ထုတ်ဖော်ပြသဖို့ရာ တော်တော်လေး သတ္တိနည်းခဲ့ကြပါတယ်။ မျက်ရည်ကျတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့လို့ တစ်နည်းအားဖြင့် ရှက်စရာကောင်းတဲ့အရာတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့လည်း ငိုကြွေးခြင်းဆိုတာဟာ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပျော်ရွှင်ရခြင်းတွေအတွက် ခန္ဓာကိုယ်ကအလိုအလျောက် ပြသလာတဲ့တုံ့ပြန်မှုတစ်ခုပါပဲ။

သိုပေမဲ့ တချို့နေရာတွေမှာ မျက်ရည်ကျလိုက်ရမဲ့အစား ပိုပြီးသင့်တော်မယ့် အပြုအမူမျိုးနဲ့ပဲ အကြောင်းအရာတိုင်းကို အဆုံးသတ်လိုက်ကြပါတယ်။ တချို့သူတွေကတော့ ရုပ်ရှင်ရုံထဲရောက်ရင် ဒီအရာတွေကို မထိန်းနိုင်တော့ဘဲ စိတ်ခံစားချက်အတိုင်း လိုက်ပါစီးမျောပြီး မျက်ရည်ကျတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ သူတို့တွေကို စိတ်ဓာတ်ပျော့ညံ့သူအဖြစ် မှတ်ချက်ပေးတတ်ကြပါတယ်။

ဒီနေ့တော့ ဒီအယူအဆတွေကို တွန်းလှန်ဖို့အချိန်တန်ပါပြီ။ ရုပ်ရှင်ကြည့်ရင်းငိုတတ်သူတွေဟာ တခြားသူတွေထက်ပိုပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်ကြသူတွေ ဖြစ်ကြပါတယ်။ စိတ်ခံစားလွယ်ပြီး တခြားသူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲ။ ဘယ်လိုပျော်ရွှင်အောင် လုပ်ပေးရမလဲ။ တခြားတစ်ယောက်ရဲ့ နာကျင်မှုတွေကို ဘယ်လိုမျှဝေယူရမလဲ ကောင်းကောင်းနားလည်ကြသူတွေလည်း ဖြစ်ပါတယ်။ သာမန်သူတွေထက် ပိုပြီးသဘောထားကြီးကြသလို အပေါင်းအသင်းပိုဆံ့သူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နောက်တစ်ခါမှာ ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်သူနဲ့ တွေ့တဲ့အခါ ဟိုဟိုဒီဒီတွေ လိုက်ကဲ့ရဲ့မနေပါနဲ့တော့။ နောက်ပြီး သင်ကိုယ်တိုင်ကခံစားတတ်သူဆိုရင်လည်း မျိုသိပ်မထားပါနဲ့တော့။ ခံစားနေရတာတွေအားလုံးကို မျက်ရည်နဲ့သာမျောချပစ်လိုက်ပါ။

Ref: optimalpositivity.com “People who cries during movies are the strongest people of all”
Po Mo Htoo Aung (ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top