IMG_6993-1254x812-1.jpg

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကူးစက်မှုကျဆင်းနေပေမယ့် ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါ ပျံ့နှံ့နေဆဲဖြစ်

ရန်ကုန်၊ နိုဝင်ဘာ (၁၀) Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျဆင်းနေပေမယ်လည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်း(IDP) တွေမှာ ရွှေ့ပြောင်းနေထိုင်နေရတဲ့ ပြည်သူတွေကြားမှာ Covid-19 ရောဂါ ကူးစက်မှုက ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်တတယ်လို့ သိရပါတယ်။ IDP…

78f46819-8f77-4cbc-a612-25841075c621.jpeg

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ စံချန်တင်မြင့်မား

ရန်ကုန်၊ နိုဝင်ဘာ (၉) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်နေရသူ စံချိန်တင်မြင့်မားနေတယ်လို့ UNHCR က ဖော်ပြချက်တွေအရ သိရပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ နိုင်ငံရေးမငြိမ်သက်မှုတွေကြာင့် ပြည်သူပေါင်း…

Nov-8-News-1-Photo.jpg

(၉) လအတွင်း မြေမြှုပ်မိုင်းကြောင့် ကလေးငယ် (၅၀) ကျော်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ (၉) မြေမြှုပ်မိုင်းနဲ့ ကြွင်းကျန်စစ်လက်နက်တွေ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် (၉) လအတွင်း ကလေးငယ် (၅၀) ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံးက သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကနေ…

244744865_4598289073571915_5993707730454125690_n.jpg

ကုလသမဂ္ဂက နှစ်လအတွင်း မြန်မာနိုင်ငံက ပြည်သူ (၆၀၀၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခဲ့

ရန်ကုန်၊ အောက်တိုဘာ (၂၆) ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ယူနီဆက်က ပြီးခဲ့တဲ့နှစ်လအတွင်း မြန်မာနိုင်ငံအတွင်းက ပဋိပက္ခ ဒဏ်ခံနယ်မြေတွေမှာရှိတဲ့ လူပေါင်း (၆၀၀၀) ကျော်ကို စိတ်ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ “ကမ္ဘာတဝှမ်းက လူငယ်တွေဟာ နေ့စဉ်နေ့တိုင်းပဲ စိတ်ကျန်းမာရေးနဲ့…

Capture.png

မြန်မာနိုင်ငံဟာ တစ်ခုထက်ပိုတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးပြော

ရန်ကုန်၊ အောက်တိုဘာ (၂၅) မြန်မာနိုင်ငံဟာ တစ်ခုထက်မကတဲ့ အကျပ်အတည်းတွေကို ပေါင်းစပ်ပြီး ပိုမိုဆိုးရွားပြင်ထန်လာတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ပြောပါတယ်။ လက်ရှိအခြေအနေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရရှိထားတဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းဆိုင်ရာ…

245128043_2057983144376474_7591781796315135329_n.jpg

ရှမ်းပြည်နယ်က စစ်ဘေးရှောင်ယာယီစခန်းတွေမှာ လူဦးရေ (၁၈၀၀၀) ကျော် ခိုလုံနေရ

ရန်ကုန်၊ အောက်တိုဘာ (၁၉) ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ် (၇) ခုက စစ်ဘေးရှောင် ယာယီစခန်းတွေမှာ လူဦးရေ (၁၈၂၀၀) ခိုလုံနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်လိုက်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မူဆယ်မြို့နယ်တွေမှာ…

800px-Hakha_Myanmar.jpg

ချင်းပြည်နယ်က မြို့နယ်တချို့မှာ စားနပ်ရိက္ခာပြတ်လတ်လို့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေရှိနေ

ရန်ကုန်၊ အောက်တိုဘာ (၁၉) ချင်းပြည်နယ်က မြို့နယ်တချို့မှာ စားနပ်ရိက္ခာပြတ်လတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သိရပါတယ်။ လတ်တလောတိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လည်း ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်တဲ့ ပြည်သူတွေအနေနဲ့လည်း အိုးအိမ်စွန်ခွာထွက်ပြေးနေကြရပါတယ်။ ချင်းပြည်နယ်က…

158920844_177904257476673_9200979972922370886_n.jpg

ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်က ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ ကုလသမဂ္ဂစီစဉ်နေ

ရန်ကုန်၊ အောက်တိုဘာ (၁၉) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် (WFP) က သိရပါတယ်။ “WFP ရဲ့ အဓိကစိန်ခေါ်မှုတွေက အကူအညီလိုအပ်နေသူတွေဆီကို အချိန်မီသွားရောက်…

117766169_755012548586045_1875067800651632949_n.jpg

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်နေရတဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကို ကုလသမဂ္ဂက ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့

ရန်ကုန်၊ အောက်တိုဘာ (၁၆) ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်နဲ့ လဲချားမြို့နယ်အတွင်းက ပြည်သူတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ထောက်ပံ့ရေးပစ္စည်းတွေ ပံ့ပိုးပေးခဲ့ပါတယ်။ နေရာစွန့်ခွာသူတွေ နေထိုင်ရာစခန်း (၁၉) ခုမှာရှိတဲ့…

20170415_FNP001_0.jpg

ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီး (၄၀) ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေရတယ်လို့ ကုလသမဂ္ဂပြော

ရန်ကုန်၊ အောက်တိုဘာ (၁၅) မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်နေတဲ့ အမျိုးသမီး (၄၀) ရာခိုင်နှုန်းကျော်ဟာ လယ်ယာလုပ်သားတွေအဖြစ် အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လက်တင်အမေရိကမှာရှိတဲ့ အမျိုးသမီး (၂၀) ရာခိုင်နှုန်း၊ အာဖရိကနဲ့ အာရှတိုက်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီး…