သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှပ်နှံသူများအတွက် ဆွေးနွေးပွဲကျင်းပ

18-4-2022-yyl-014.jpg

(ရန်ကုန်၊ မြန်မာ၊ ဧပြီလ ၈ ရက် ၂ဝ၂၂)။ တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံသူများအတွက် ဆွေးနွေးပွဲကို ဧပြီလ ၅ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအွန်လိုင်းဆွေးနွေးပွဲတွင် မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေးလီမိတက်မှ တာဝန်ရှိသူများနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီ (၈၄) ခုမှ တက်ရောက်ခဲ့သည်။

မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးလိမီတက်က “သီလဝါအထူးစီးပွားရေးဇုန်ရဲ့ တာဝန်ခံမှုရှိတဲ့ developer ဖြစ်တာနဲ့အညီ ကျွန်တော်တို့ရဲ့ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုပြုကြတဲ့သူတွေကိုလည်း တာဝန်ယူမှုရှိတဲ့ စီးပွားရေးနဲ့ပတ်သတ်ပြီး အသိပညာတွေ မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ စတင်လည်ပတ်ကတည်းက ကျင့်ဝတ်နှင့်အညီ တာဝန်သိသိနဲ့ လုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ တာဝန်သိပြီး ရေရှည်တည်တံ့တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် လုပ်ငန်းလည်ပတ်မှုတစ်လျှောက်လုံး လူ့အခွင့်အရေးကို လေးစား လိုက်နာခြင်းဟာ အရေးကြီးတယ်ဆိုတာကို အပြည့်အဝလက်ခံယုံကြည်ပါတယ်။သီလဝါအထူးစီးပွားရေးဇုန်ရဲ့ developer အနေနဲ့ UN Global Compact ရဲ့အခြေခံမူ (၁ဝ) ချက်နဲ့အညီ လမ်းညွှန်ချက်များကို မပျက်မကွက်လိုက်နာဆောင်ရွက်ပြီး stakeholder များနဲ့ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ လုပ်ငန်းဖြစ်စေဖို့ ကတိပြုထားခဲ့ပြီး ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲတွင် အထူးဧည့်သည်တော်ဖြစ်သည့် MCRB ၏ Director Vicky Bowman က တာဝန်ယူမှုရှိသော ရင်းနှီးမြှပ်နှံမှုဆိုင်ရာလမ်းညွှန်ချက်မှ အချက် (၈) ချက်ကိုအလေးပေးဆွေးနွေးခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်မှ ရင်းနှီးမြှုပ်နှံသူများမှာ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ အပြည့်အဝကိုက်ညီသော်လည်း ထပ်မံထည့်သွင်းစဉ်းစားသင့်သည့် အချက်များကို ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)က ” ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေသခံအသိုက်အဝန်းတွေကို ပံ့ပိုးကူညီဖို့နဲ့ မြန်မာနိုင်ငံအတွက် လုပ်ငန်းအတွင်းမျှဝေထားတဲ့တန်ဖိုးစံနှုန်းများကို ဖန်တီးဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။ အခုလိုစိန်ခေါ်မှုများတဲ့အချိန်မှာ သီလဝါအထူးစီးပွားရေးဇုန်ရဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ ဒေသခံ လူထုတွေနဲ့ ချိတ်ဆက်မှုတွေမှာ ပိုမိုအားကောင်းလာစေဖို့၊ ဧရိယာအတွင်းနေထိုင်ကြသူများ အထူးသဖြင့် လူငယ်တွေနဲ့ အားနည်းချက်ရှိသောသူများရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ အလားအလာတွေကို ပံ့ပိုးပေးနိုင်ဖို့ အတွက် MJTD နှင့်အတူ လက်တွဲလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ အရှေ့တောင်ဘက် (၂၃) ကီလိုမီတာအကွာတွင် တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်ကို မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးလီမိတက်မှ တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာလမှစတင်ကာ အပြည့်အဝ စီးပွားဖြစ် လည်ပတ်နိုင်ခဲ့သည်။ လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံများ၏ (၉၀) ရာခိုင်နှုန်းခန့် လည်ပတ်နေပြီး မြန်မာပြည်သူများအတွက် အလုပ်အကိုင်ပေါင်း (၁၃,၅ဝဝ) ကျော် ပေးအပ်လျက်ရှိသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top