အသက် ၁၂ နှစ်အရွယ်မှာ အထက်တန်းပညာရေး ပြီးမြောက်ခဲ့တဲ့ ဉာဏ်ကြီးရှင်ကျောင်းသားလေး

5.7.2024-yyl-1.jpg

အတန်း ၅ တန်း ကျော်တက်ခွင့်ရတဲ့ ဉာဏ်ကြီးရှင် ကျောင်းသားလေးဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ အထက်တန်းပညာရေး ပြီးမြောက်ခဲ့ပြီး မေဂျာဘာသာရပ် ၂ ခုနဲ့ ကောလိပ်တက်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ ဆူဘော်နိုဘာရီဟာ နယူးယော့ခ်မြို့၊ မယ်လ်ဗာနီအထက်တန်းကျောင်းကနေ အထက်တန်းပညာရေး ပြီးမြောက်ခဲ့သူတွေထဲမှာ အသက်အငယ်ဆုံးပါပဲ။

ဆူဘော်နိုဟာ မနက်ပိုင်းမှာ အလယ်တန်းကျောင်းကို သွားပြီး ၈ တန်းအခန်းမှာ စာသင်ပါတယ်။ အဲဒီနောက်မှာတော့ နေ့လယ်ပိုင်းမှာ ဘတ်စ်ကားစီးပြီး ၅ တန်းအခန်းမှာ ကျောင်းတွင်းလှုပ်ရှားမှုတွေ လုပ်လေ့ရှိပါတယ်။ သူဟာ အတန်းကျော် တက်ခွင့်ရတာကြောင့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတွေမှာ အတန်းဖော်တွေနဲ့ အသက်အရွယ် ကွာခြားပေမဲ့ အတန်းဖော်တွေက သူ့ကို နွေးထွေးစွာ စောင့်ရှောက်ကြတယ်လို့ ဆူဘော်နိုက ဆိုပါတယ်။

ပညာရေးနယ်ပယ်မှာ ၂၅ နှစ်ကြာ ကျင်လည်ခဲ့ဖူးတဲ့ မယ်ဗာနီအလွတ်သင်ခရိုင်ပညာရေးမှူး ရေဘက်ကာဂေါ့တက်စ်မန်ကတော့ ဆူဘော်နိုဟာ သူ့ဘဝတစ်လျှောက် ကြုံခဲ့ဖူးသမျှ ကျောင်းသား/သူတွေထဲမှာ အထက်မြက်ဆုံးကျောင်းသားလို့ မှတ်ချက်ပေးခဲ့ပါတယ်။

လာမယ့်နွေရာသီနှောင်းပိုင်းမှာတော့ ဆူဘော်နိုက ပညာသင်ဆုရတဲ့ နယူးယော့ခ်တက္ကသိုလ်ကို သွားရောက်ပညာသင်မှာဖြစ်ပြီး ရူပဗေဒနဲ့ သင်္ချာဘာသာရပ် အထူးပြု ၂ ဘာသာနဲ့ ပညာသင်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Ref:Look Out World, 12-year-old ‘Progidy’Graduates from High School and Heads to College for Double Major
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top