ကားဝယ်တဲ့အခါ တောက်တဲ့ အရှင်ယူလာရင် ဘတ်ငွေ ၂၀,၀၀၀ လျော့ဈေးပေးခဲ့တဲ့ ထိုင်းနိုင်ငံက ကားရောင်းဝယ်ရေး

30-6-2020-yyl-013.jpg

ထိုင်းနိုင်ငံက ကားရောင်းဝယ်ရေးဆိုင်တစ်ဆိုင်က တခြားဆိုင်တွေမလုပ်ဖူးတဲ့ နည်းလမ်းနဲ့ ပရိုမိုးရှင်းလုပ်ခဲ့ပါတယ်။ အဲဒီဆိုင် ပရိုမိုးရှင်းလုပ်ခဲ့တာကတော့ ကားလာဝယ်တဲ့သူတွေက တောက်တဲ့အရှင်တွေကို ဘတ်ငွေ ၂၀,၀၀၀ လျော့ဈေးနဲ့လဲလှယ်ပေးတာပါ။ ဒီပရိုမိုးရှင်းအစီအစဉ်ကို မြင်တွေ့ခဲ့ရတာသူတွေက အထူးအဆန်းကို ဖြစ်နေကြပါတယ်။

အခုလအစောပိုင်းမှာ ထိုင်းနိုင်ငံက ကားရောင်းဝယ်ရေးဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ အထူးပရိုမိုးရှင်းအစီအစဉ်ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ပို့စ်မှာ ရေးထားတာက “ငွေပေးချေတဲ့အခါ တောက်တဲ့တစ်ကောင်ကို ဘတ်ငွေ ၂၀,၀၀၀ နဲ့ ၂၀,၀၀၀အထက် လျော့ဈေးအဖြစ် သတ်မှတ်ထားပါတယ်”တဲ့။ လူမှုကွန်ယက်အသုံးပြုသူတွေက ဒီပို့စ်က ဖေ့စ်ဘွတ်ခ်မှာ သူတို့ဆိုင်ကို ပရိုမိုးရှင်းလုပ်ဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့ စနောက်ထားတယ်လို့ ထင်ခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ ဒီပရိုမိုးရှင်းက တကယ်အစစ်အမှန်ဖြစ်တယ်ဆိုတာကို နောက်ပိုင်းမှာ ရှင်းလင်းပေးခဲ့ပါတယ်။ “တောက်တဲ့အရွယ်အစားက ဘယ်လောက်ပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ ဘတ်ငွေ ၂၀,၀၀၀ နဲ့အထက် လျော့ဈေးကို အမှန်အကန်ရရှိနိုင်ပါတယ်”ဆိုတဲ့ ပို့စ်ကို ကားရောင်းဝယ်ရေးပေ့ချ်မှာ ပြန်တင်ပေးခဲ့ပါတယ်။

အဲဒီကားရောင်းဝယ်ရေးတင်ခဲ့တဲ့ ပရိုမိုးရှင်းပို့စ်က လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ အတော်လေးပေါက်ခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေဟာ ပို့စ်အောက်မှာ တောက်တဲ့ပုံတွေနဲ့ မန့်ပြီး စနောက်ခဲ့ကြပါသေးတယ်။ မကြာသေးခင်ကမှ ကားရောင်းဝယ်ရေးပို့စ်ကလည်း ဒီပရိုမိုးရှင်းက စနောက်ထားတာမဟုတ်ဘူးဘဲ လျော့ဈေးအနေနဲ့ လဲလှယ်ဖို့အတွက် တောက်တဲ့တွေကို တကယ်ယူလာခဲ့တဲ့ ဖောက်သည်တွေရှိတယ်ဆိုတာကို ပုံတွေနဲ့ သက်သေပြခဲ့ပါတယ်။

တချို့လူမှုကွန်ယက်အသုံးပြုသူတချို့က ဒီပရိုမိုးရှင်းရဲ့ရည်ရွယ်ချက်ကဘာလဲ၊ တောက်တဲ့တွေကို ဘာလုပ်ပစ်ဖို့လဲဆိုတာကို မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မှာ ကားရောင်းဝယ်ရေးက တောက်တဲ့တွေကို ဘာမှမလုပ်ဘဲ သစ်တောထဲကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်းဆိုပါတယ်။

Ref: Local Car Dealers Offer ฿20K Discount On Down Payments In Exchange For Live Geckos

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top