ဝယ်ရင်းဈေးထက် လျှော့ပေးပြီး အရှုံးခံရောင်းနေတဲ့ ဓာတ်ငွေ့ဆိုင်

10-6-2022-yyl11.jpg

အရောင်းအဝယ်လုပ်သူအများစုက အမြတ်ရဖို့ လုပ်နေကြတာဖြစ်ပေမဲ့ ဓာတ်ငွေ့ဆိုင်ပိုင်ရှင်တစ်ယောက်ကတော့ ဝယ်ရင်းဈေးထက် လျှော့ပေးပြီး နေ့စဉ်နေ့တိုင်း အရှုံးခံရောင်းပေးလျက် ရှိပါတယ်။ သူကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့၊ အော့စ်ဘွန်းလမ်းနဲ့ လမ်း ၂၀ ထောင့်မှာ ဓာတ်ငွေ့ဆိုင်ဖွင့်ထားတဲ့ ဂျာဆွီယန်ဒရီဆင်းမ်ပါပဲ။

သူက ဓာတ်ငွေ့တစ်ဂါလံကို ဒေါ်လာ ၅.၆၆ နဲ့ ဝယ်ယူပြီး ၅.၁၉ ဒေါ်လာနဲ့ ပြန်ရောင်းနေတာပါ။ ဒါဟာ သူ့ရဲ့ ဝယ်ရင်းဈေးထက် ၄၇ ဆင့် နည်းပါတယ်။ သူ့ဆိုင်ဟာ တစ်နေ့ကို ဂါလံ ၁၀၀၀ ဝန်းကျင် ရောင်းနေရလို့ တစ်နေ့ကို ဒေါ်လာ ၅၀၀ အရှုံးခံပေးနေတာပါ။

” ကျွန်တော့်ရဲ့ဖောက်သည်တွေနဲ့ ရပ်ဆွေရပ်မျိုးတွေကို ဈေးလျှော့ပေးချင်လို့ပါ။ အခုချိန်မှာ လူတွေက ပိုက်ဆံရှားတယ်လေ။ ကိုယ်လုပ်ပေးနိုင်တာရှိရင် လူတွေကို ကူညီပေးဖို့ မိဘနှစ်ပါးက ကျွန်တော့်ကို သွန်သင်ခဲ့တယ်။ ကိုယ့်မှာရှိရင် တခြားသူတွေကို ဝေမျှပေးတတ်ဖို့ လိုပါတယ်” လို့ ဆင်းမ်က ပြောပါတယ်။

ဓာတ်ငွေ့ဆိုင်ရဲ့ အရှုံးကို ကာမိစေဖို့အတွက် ဆင်းမ်တို့ ဇနီးမောင်နှံက တခြားအလုပ်တွေကို ပိုလုပ်ရပါတယ်။ ” အလုပ်ပိုလုပ်ရတာ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ လောလောဆယ် ငွေရှာနေတာ မဟုတ်ပါဘူး။ တခြားသူတွေကို ကူညီခွင့်ရလို့ ပျော်ပါတယ်” လို့ ဆင်းမ်က ဆိုပါတယ်။

Ref: Sunnyskyz ” Gas Station Owner In Phoenix Sells Gas 50 Cents Cheaper Than What He Buys It For To Help Customers”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top