ထီပေါက်ပြီးချင်း ဘိလိယက်ခုံ ဝယ်ခဲ့သူ အင်္ဂလန်လက်ရွေးစင် ဖြစ်ခွင့်ရပြီ

8.11.23-yyl-13.jpg

နေးလ်ဂျုံးစ်က ငယ်ငယ်ကတည်းက ဘိလိယက်ထိုးရတာကို ဝါသနာပါတယ်။ ဒါပေမဲ့ ဘဝပေး အခြေအနေအရ ဝါသနာကို ဘေးချိတ်ပြီး စားဝတ်နေရေးအတွက် မီးဖိုချောင်အလှဆင်သူအဖြစ် အလုပ်လုပ်ရတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ သူ့ဘဝအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့တယ်။

အဲဒီတုန်းက သူ့အိတ်ကပ်ထဲမှာ စတာလင်ပေါင်ငွေ ၁၃ ပေါင်ပဲ ရှိတယ်။ ခရစ္စမတ်ကလည်း နီးလာပြီ။ ခရစ္စမတ်မရောက်ခင် ထီထိုးမယ်ဆိုပြီး ထီထိုးလိုက်တာ ပေါင် ၂.၄ သန်းဆုကြီး ဆွတ်ခူးသွားတယ်။ ထီဆုကြီး ဆွတ်ခူးနိုင်ခဲ့လို့ အလုပ်ကနေ အနားယူခွင့်ရသွားတယ်။ ထီပေါက်ပြီးတော့ သူအရင်ဆုံးလုပ်တာကတော့ ဘိလိယက်ခုံကောင်းကောင်း တစ်ခုံ ဝယ်ပြီး နေ့တိုင်း ဘိလိယက် လေ့ကျင့်တော့တာပါပဲ။

ကိုဗစ်ကာလ Lockdown ချထားချိန်မှာတော့ အိမ်မှာပဲ နေရလို့ သူ့လက်ရည် ပိုထက်လာခဲ့ပြီး အင်္ဂလန်ကိုယ်စားပြု လက်ရွေးစင် ကစားသမား ဖြစ်လာခဲ့တယ်။ နေးလ်ဂျုံးစ်က အသက် ၅၉ နှစ် ရှိပါပြီ။ မော်လ်တာနိုင်ငံမှာ ကျင်းပတဲ့ European Pool Championship ပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ဒါကတော့ သူ့ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ပေါ့။

နေးလ်ဂျုံးစ်အတွက် စိတ်မကောင်းဖြစ်စရာ တစ်ခုကတော့ သူ့ရဲ့ အောင်မြင်မှုတွေကို သူ့ဖခင် မြင်တွေ့သွားခွင့် မရတာပါပဲ။ ” အဖေက ကျွန်တော့်ကို အရမ်းအားပေးတာ။ ကျွန်တော့်အတွက် အရမ်းဂုဏ်ယူတာ။ အဖေ ဆေးရုံတက်နေတုန်းကတော့ ကျွန်တော့်ရဲ့ ကောင်တီပွဲရလဒ်တွေအကြောင်း ပြောဖြစ်တယ်။ အဲဒီတုန်းက အဖေက ပြောတယ်။ ” ငါ့သား။ တစ်ခုခုကို မင်း ပြင်းပြင်းပြပြ လိုချင်စိတ်ရှိနေပြီဆိုရင် အဲဒီအရာကို ရပါလိမ့်မယ်တဲ့”။ ခုတော့ ကျွန်တော် ဖြစ်ချင်တဲ့ လက်ရွေးစင် ဖြစ်ခွင့်ရပါပြီ”လို့ နေးလ်ဂျုံးစ်က ဆိုပါတယ်။

Ref: Lottery Winner, 59, Purchases First Pool Table And Earns Spot On England’s National Team

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top