ကျောင်းဆရာမအလုပ်ကထွက်ပြီး အိပ်မက်နောက် လိုက်ခဲ့သူ

21.4.2023-yyl-iamge-28.jpg

ကျောင်းဆရာမ အလုပ်ကနေ ထွက်ပြီး မွေးနေ့ပါတီပွဲတွေမှာ ကလေးငယ်တွေကို ဖျော်ဖြေတဲ့ မင်းသမီးလေးအဖြစ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ခဲ့တဲ့ အိုလီဗီယာကတ်ဖို့သ်ဟာ ၆ လအတွင်း ဒေါ်လာ ၃၁၁၅၃၅ တန်ကြေးရှိတဲ့ အိပ်ခန်း ၃ ခန်းပါ အိမ်ကြီးတစ်လုံး ဝယ်ယူနိုင်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ပီတာဘရော့မြို့မှာ နေထိုင်တဲ့ ၂၇ နှစ်အရွယ် အမျိုးသမီး အိုလီဗီယာကတ်ဖို့သ်ဟာ ၂၀၂၁ ခုနှစ်မှာ ကျောင်းဆရာမ အလုပ်ကနေ ထွက်ခဲ့တာပါ။

အဲဒီနောက်မှာတော့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Beyond a Princess ဖျော်ဖြေရေးလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။ သူ့လုပ်ငန်းဟာ ကလေးငယ်တွေရဲ့ မွေးနေ့ပါတီပွဲတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ ပွဲလမ်းတွေမှာ ဇာတ်ကောင်ပုံစံ အမျိုးမျိုး သရုပ်ဖော် ဖျော်ဖြေပေးတာ ဖြစ်ပါတယ်။


သူဟာ အရင်တုန်းက ဝါသနာပါရာ၊ စိတ်အားထက်သန်ရာ အလုပ်ကို ရှာဖွေဖို့ အလုပ်မကြာခဏ ပြောင်းလေ့ရှိပေမဲ့ အခုတော့ သူ ဝါသနာပါရာ အစစ်အမှန်ကို တွေ့ရှိပြီလို့ ဆိုပါတယ်။

Ref: I quit my job as a teacher — to be a full-time ‘Disney’ princess

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top