ဝန်ထမ်းပေါင်း ၁၂၀၀ နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို Tokyo Disneyland ဆီ ၃ ရက်တာခရီးပို့ဆောင်ပေးခဲ့တဲ့ ဘီလျံနာ

8.11.23-yyl-12.jpg

ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနဲ့ကုန်သွယ်မှုလုပ်ငန်းတွေဖြစ်တဲ့ Citadel နဲ့ Citadel Securities ကုမ္ပဏီတည်ထောင်သူ ဘီလျံနာသူဌေးကြီး ကန်ဂရစ်ဖင်က သူ့ဝန်ထမ်း ၁၂၀၀ နဲ့ ဝန်ထမ်းမိသားစုတွေအတွက် အိပ်မက်တစ်ခုအကောင်အထည်ဖော်ပေးခဲ့ပါတယ်။ ကုမ္ပဏီနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သူတို့ကို Tokyo Disneyland ဆီ ၃ ရက်တာခရီးပို့ဆောင်ပေးခဲ့တာပါ။

အောက်တိုဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ ကျင်းပတဲ့ နှစ်ပတ်လည်အတွင်း ဟောင်ကောင်၊ စင်ကာပူ၊ ဆစ်ဒနီ၊ ရှန်ဟိုင်း၊ တိုကျိုနဲ့ ဂူရူဂရမ်အပါအဝင် အာရှပစိဖိတ်ဒေသက ကုမ္ပဏီရုံး ၆ ခုကို ကိုယ်စားပြုနေတဲ့ ဝန်ထမ်းတွေ အတူစုဝေးသွားခဲ့ကြတာပါ။ ဝန်ထမ်းတွေက မိသားစုဝင်တွေနဲ့အတူ Tokyo Disneyland နဲ့ DisneySea နှစ်ခုလုံးကို လည်ပတ်ခဲ့ရပါတယ်။

ဒီနှစ်ပတ်လည်ပွဲကို ပိုပြီးထူးခြားသွားစေဖို့ နာမည်ကြီးတေးဂီတအဖွဲ့ Maroon 5 နဲ့ ကာဗစ် ဟာရစ်တို့ရဲ့သီးသန့်ဖျော်ဖြေမှုလည်း စီစဉ်ထားခဲ့ပါတယ်။ ကန်ဂရစ်ဖင်က သူရဲ့ဝန်ထမ်းတွေအတွက် ခရီးစရိတ်၊ နေရာထိုင်ခင်း၊ အစားအသောက်၊ Disney လက်မှတ်၊ ဖျော်ဖြေရေးကုန်ကျစရိတ်အားလုံးကို အကုန်အကျခံပေးခဲ့တာပါ။

Maroon 5 မဖျော်ဖြေခင်မှာ ကန်ဂရစ်ဖင်က စင်ပေါ်ကနေ အခုလိုပြောကြားခဲ့ပါတယ်။ “အခု ကျွန်တော်တို့အတူတူရှိနေရတာ အံ့ဩစရာပါပဲ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုမက နှစ်ခုကို တည်ထောင်ခဲ့ပြီးပြီ။ ဘဏ္ဍာရေးဆိုင်ရာ အနာဂတ်ကို အတူတကွ စိတ်ကူးပုံဖော်ပြီး တည်ဆောက်ခဲ့ကြတယ်”တဲ့။

ကန်ဂရစ်ဖင်ရဲ့ကြွယ်ဝချမ်းသာမှုက ခန့်မှန်းခြေ ကန်ဒေါ်လာ ၃၅.၄ ဘီလျံရှိပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က Citadel နဲ့ Citadel Securities ကုမ္ပဏီတွေက သိသိသာသာတိုးတက်လာခဲ့ပြီး ဝန်ထမ်းအရေအတွက် နှစ်ဆ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကလည်း ကန်ဂရစ်ဖင်က သူ့ရဲ့ဝန်ထမ်းတွေက ဖလော်ရီဒါပြည်နယ်က Disney World ကို ၃ ရက်တာခရီးအဖြစ် ပို့ဆောင်ပေးခဲ့ပါသေးတယ်။

Ref: Billionaire Boss Sends 1,200 Employees And Their Families On 3-day Paid Trip To Tokyo Disneyland

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top