ထီပေါက်တာနဲ့ အရင်ဆုံး ဇနီးဖြစ်သူအတွက် ပန်းစည်းဝယ်ပေးဖို့ စီစဉ်ထားခဲ့တဲ့ အမျိုးသား

15.9.23-yyl-8.jpg

အမေရိကန်အမျိုးသားတစ်ဦးဟာ ဒေါ်လာ ၅ သန်းကျော် ထီကံထူးသွားခဲ့ပါတယ်။ ထီဆုငွေနဲ့ အရင်ဆုံး သူလုပ်မယ့်အရာတွေထဲမှာ သူ့ဇနီးအတွက် ပန်းစည်းဝယ်တာပါဝင်ပါတယ်။ သူ့အတွက်ကတော့ ဖရဲသီးတစ်လုံးဝယ်မှာပါတဲ့။ အသက် ၇၇ နှစ်အရွယ် ဝါလ်ဒီမာ ဘတ် တီ အမည်ရတဲ့ အဲဒီအမျိုးသားက ထီထွက်တဲ့နေ့မှာ သူ့ခွေးလေးနဲ့အတူ Holy Cross Wilderness ကို ခရီးထွက်နေခဲ့တာပါ။ ခရီးက ပြန်ရောက်တဲ့အချိန် သူ့ရဲ့ထီလက်မှတ်ကို စစ်ကြည့်ခဲ့တာပါ။

ဝါလ်ဒီမာက ခရီးတွေထွက်ရတာနဲ့ ထီထိုးရတာကို နှစ်သက်တဲ့အပြင် စက်ဘီးစီးတာ၊ ခြေလျင်တက်တာ၊ တောင်တက်တာနဲ့ တင်းနစ်ကစားတာကိုလည်း နှစ်သက်ပါတယ်။ သူနဲ့သူ့ဇနီးတို့က နှစ်တိုင်း အရီဇိုးနားပြည်နယ်မှာ ၆ လစီ၊ ကော်လိုရာဒိုပြည်နယ်မှာ ၆ လစီ ခွဲနေကြတာပါ။

သူက လတိုင်း Colorado Lotto+ ထီကို ကံစမ်းဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်ကံကောင်းစေတဲ့နံပါတ်တွေကို အမြဲထိုးလေ့ရှိပါတယ်။ သူက ကံထူးတဲ့ထီလက်မှတ်ကို Hangin Tree Travel Plaza ကနေ ဝယ်ယူခဲ့တာပါ။ ထီပေါက်ရင် သူ ပထမဆုံးလုပ်မှာက သူ့အတွက် ဖရဲသီးတစ်လုံးနဲ့ သူ့ဇနီးအတွက် ပန်းစည်းဝယ်ပေးဖို့ပါပဲ။ သူ့ဇနီး ခွဲစိတ်ကုသမှုတချို့လုပ်ဖို့ရှိတဲ့အတွက် အခုဆို သူ့ဇနီးပြန်လည်ကောင်းမွန်လာဖို့ ကူညီပံ့ပိုးမှုတွေ လုပ်နိုင်တော့မှာမို့ စိတ်သက်သာရာရလို့ ကျေးဇူးတင်နေပါတယ်။ သူ့ရဲ့ထီဆုကြေးတချို့ကိုလည်း ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။

Ref: Lottery Winner’s First Purchase: Watermelon For Himself, Flowers For Wife

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top