Huawei ဖုန်းပဲ ကိုင်လေ့ရှိတဲ့ ဂျက်ကီချမ်း

15.9.23-yyl-1.jpg

ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချမ်းဟာ တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်တွေကို နှစ်သက်ကြောင်းပြသပြီးတော့ သူ့ရဲ့မျိုးချစ်စိတ်ဓာတ်ကို အကြိမ်ပေါင်းများစွာ လူသိရှင်ကြားထုတ်ဖော်ပြခဲ့ဖူးပါတယ်။ မကြာသေးခင်ကလည်း ချန်ဒူးမြို့က Huawei ဖုန်းဆိုင်မှာ ဂျက်ကီချမ်းဖုန်းဝယ်နေတာကို လူမှုကွန်ယက်အသုံးပြုသူတစ်ဦးတွေ့ခဲ့ပြီး အဲဒီအကြောင်းကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

“Wanda Plaza က Huawei ဖုန်းဆိုင်မှာ ရှိနေတုန်း ဂျက်ကီချမ်းနဲ့ အမှတ်မတင်တွေ့ခဲ့တယ်။ ဖုန်းဝယ်ဖို့ သူကိုယ်တိုင် ဆိုင်လာမယ်လို့ မမျှော်လင့်ခဲ့တာ၊ သူ့ကို မနှောင့်ယှက်ချင်လို့ လက်မှတ်မထိုးခိုင်းလိုက်ဘူး။ သူနဲ့အတူ ဓာတ်ပုံတွဲရိုက်ဖို့အတွက် သူ ဖုန်းဝယ်ပြီးတဲ့အထိ စောင့်ခဲ့ပေမဲ့ သူ့ရဲ့ဝန်ထမ်းက ငြင်းခဲ့တယ်”လို့ ရေးသားခဲ့တာပါ။

ဂျက်ကီချမ်းက Huawei ဖုန်းမော်ဒယ်အမျိုးမျိုးကို ကြည့်နေပြီး Huawei ဝန်ထမ်းကို ဖုန်းအကြောင်းမေးမြန်းနေတာကို ပုံတွေမှာ မြင်တွေ့ရပါတယ်။ ဂျက်ကီချမ်းက အသစ်ထွက်ရှိထားတဲ့ Mate 60 စမတ်ဖုန်းကို ဝယ်ယူချင်ခဲ့ပေမဲ့ ပစ္စည်းကုန်နေခဲ့တယ်။ ဒါကြောင့် Mate X3 ကိုပဲ ဝယ်ယူဖြစ်ခဲ့တယ်လို့ အဲ့ဒီလူမှုကွန်ယက်အသုံးပြုသူက ပြောပါတယ်။

ဂျက်ကီချမ်းဟာ Huawei ဖုန်းတွေကို ၂၀၁၆ ခုနှစ်ကတည်းက အသုံးပြုနေခဲ့တာပါ။ ၂၀၁၉ ခုနှစ်ကလည်း ပရိသတ်တစ်ဦးက ပွဲတစ်ပွဲမှာ ဂျက်ကီချမ်းကို Huawei ဖုန်းတစ်လုံးပေးခဲ့တဲ့အချိန်က သူဟာ Huawei ဖုန်း ၃ လုံးကို ထုတ်ပြခဲ့ပြီး “ကျွန်တော် Huawei ဖုန်းကို သုံးပြီး ဒီဖုန်းအမျိုးအစားတော်တော်များများရှီပါတယ်။ တရုတ်လူမျိုးတွေက ပြည်တွင်းထုတ်ကုန်တွေကို အသုံးပြုသင့်တယ်။ ကျွန်တော် ဘယ်နေရာသွားသွား အခြားသူတွေကို ဒါကိုပဲသုံးဖို့ အကြံပြုပေးမှာပါ။ ဒါတွေကို အသုံးပြုခဲ့တာတော်တော်ကြာပါပြီ။ ဖုန်းစကရင်တွေလည်း ကွဲအက်နေပြီ”လို့ပြောခဲ့တာပါ။

Ref: Jackie Chan Seen Buying Huawei Phone; Once Said All Chinese People Should Use Chinese Products

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top