MrBeast က လမ်ဘော်ဂီနီကားကို ကြိတ်ပြခဲ့တာမဟုတ်ဘဲ ကားအဟောင်းတစ်စီးကို ကြိတ်ပြခဲ့တာလို့ ဆို

8.9.23-yyl-7.jpg

တန်ဖိုးကြီး လမ်ဘော်ဂီနီကားကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြခဲ့တဲ့ Youtuber MrBeast ရဲ့ YouTube ဗီဒီယိုဟာ ၆ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ သန်း ၈၀ နီးပါး ရှိနေပါတယ်။ အဲဒီဗီဒီယိုထဲမှာ MrBeast က အနီရောင် လမ်ဘော်ဂီနီကားသစ်ကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြခဲ့တာဖြစ်ပေမဲ့ တကယ့်လက်တွေ့မှာတော့ တိုက်မိထားတဲ့ Gallardo ကားဟောင်းကို ကြိတ်ပြခဲ့တာဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

Gallardo ကားဟောင်းဟာ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကနေ ၄၀၀၀၀ ကြားပဲ တန်ကြေးရှိပြီး လမ်ဘော်ဂီနီကားထက် အဆပေါင်းများစွာ ဈေးသက်သာပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ MrBeast ရဲ့ YouTube ဗီဒီယိုတွေဟာ ကြည့်ရှုမှုအကြိမ်ရေ ၁၀ ဘီလျံကျော်အထိ ရှိနေပြီး ၂၀၂၁ ခုနှစ်အတွင်း ထာဝရဝင်ငွေအကောင်းဆုံး Youtuber အဖြစ် အမေရိကန်ဒေါ်လာ ၅၄ သန်း ရရှိခဲ့ပါတယ်။

Ref: Mr.Beast Lamborghini Vs Shredder is fake

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top