ငယ်စဉ် အခါတုန်းက သားသမီးတွေ ဝမ်းနည်းအားငယ်ရင် မိဘတွေက ဘေးနားကနေ ခွန်အားတွေ အများကြီး ပေးခဲ့ကြတယ်။
ဒါပေမယ့် မိဘတွေ အသက်ကြီးလို့ ဝမ်းနည်းအားငယ်တဲ့ အခါမှာတော့ သူခွန်အားပေးခဲ့တဲ့ သားသမီးတွေ အနားမှာ တစ်ယောက်မှ မရှိကြတော့ဘူး။
မိဘတွေဟာ ဥယျာဉ်မူးတွေလိုပဲ အပင်တွေ စိုက်တယ်၊ ပွင့်လာတဲ့ အသီးအပွင့်တွေ သူတို့က စားချင်မှ စားရတယ်။ ဒါပေမယ့်လည်း သူတို့က ဝမ်းမနည်းပါဘူး။ မိဘတွေဟာ မနာလိုစိတ်လည်း ကင်းမဲ့သူတွေပါ။ သားသမီးတွေ ချမ်းသာလေလေ သူတို့က ပျော်ရွှင်လေလေပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ အသက်ကြီးနေပြီဖြစ်တဲ့ ခွန်အားနည်းနေတဲ့ မိဘတွေ ဝမ်းနည်းတဲ့ အခါမှာ ဘေးမှာ ရှိနေအောင် ကြိုးစားပေးပါ။
မိမိကြောင့်လည်း မိဘတွေကို ဝမ်းမနည်းပါစေနဲ့။ မိမိကြောင့် မိဘတွေ ဝမ်းနည်းရင်လည်း အားပေးပါ။ အသက်ကြီးလာပြီ ဖြစ်တဲ့ မိဘတွေကို
သူတို့ဘဝရဲ့ နောက်ဆုံးအချိန်မှာ ပျော်အောင်ထားနိုင် ကြပါစေ။