တရုတ်ပြည်ရှိ Apple store တွင် iPhone အသစ် စတင်ရောင်းချစဉ် ဝယ်ယူသူ နည်းပါး

applestore_china_2019.png

ဒီကနေ့ စက်တင်ဘာလ ၂၀ တွင် ကမ္ဘာတစ်လွှားရှိ Apple store များတွင် Apple မှ နောက်ဆုံး အသစ်ထုတ်လုပ် လိုက်သည့် iPhone 11, iPhone 11 Pro, iPhone 11 Max, iPad Pro နှင့် Apple watch series 5 များ စတင် ရောင်းချပြီ ဖြစ်သည်။ iPhone ချစ်သူ ပရိတ်သတ် များသည် နှစ်နှစ် တစ်ကြိမ် Apple မှ Product အသစ်များ စတင် ဖြန့်ဖြူးသည့် နေ့ရက်ကို စောင့်ဆိုင်းကာ တခဲနက် ဝယ်ယူ အားပေး ကြလေ့ ရှိသည်။ ဦးဦးဖျားဖျား အသစ်ဝယ်ကိုင်လိုသူများဆိုလျှင် နီးစပ်ရာ Apple store များတွင် store မဖွင့်ခင် ညဦးပိုင်း အချိန်ကတည်းက စတင်တန်းစီစောင့်ဆိုင်းကြသည်မှာ iPhone ချစ်သူများအတွက် ရင်ခုန် ဖွယ်ရာ အချိန်ဖြစ်သည်။

တခြားသော Apple store များနှင့် နည်းတူပင် တရုတ်ပြည်ရှိ ရှန်ဟိုင်း နှင့် ဘေကျင်း Apple store တွင် Apple မှ iPhone 11 series ၊ iPad နှင့် Apple watch များ ကို စက်တင်ဘာလ ၂၀ တွင် စတင် ရောင်းချခြင်း ဖြစ်သည်။ သို့သော် ယခင် နှစ်များနှင့် မတူသည်မှာ ရှန်ဟိုင်း နှင့် ဘေကျင်း Apple store တွင် ဝယ်ယူရန် စောင့်ဆိုင်းသူ ဦးရေမှာ အခြားနှစ်များနှင့်မတူ အလွန်ပင် နည်းပါးနေခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက် စစ်တမ်း ထုတ်ပြန်ချက်များအရ Apple ကုမ္ပဏီ ၏ ရောင်းအားသည် ပြီးခဲ့သော နှစ်အနည်းငယ်ပိုင်းတွင် ကျဆင်းလျှက် ရှိသည်။

ယခင်နှစ် iPhone အသစ် စတင် ဖြန့်ဖြူးချိန်တွင် တရုတ်ပြည်ရှိ ရှန်ဟိုင်း နှင့် ဘေကျင်း Apple store တွင် ရာကျော်သော iPhone ဝယ်ယူသူများ စောင့်ဆိုင်း အားပေးခဲ့ကြသော်လည်း ယခုနှစ်တွင် Apple store တွင် လာရောက် စောင့်ဆိုင်းသူ ဦးရေမှာ တစ်ဒါဇင်မျှသာ ရှိသည်ဟု သိရှိရသည်။
တရုတ်ပြည်တွင်းဖြစ် စမတ်ဖုန်းထုတ်လုပ်သည့် ဟွာဝေးကုမ္ပဏီက စမတ်ဖုန်းအသစ်ကို ပွဲထုတ်အပြီး နောက်တစ်နေ့တွင် Apple က iPhone 11 ကို စတင်ဖြန့်ဖြူး ခဲ့ခြင်း ဖြစ်သည်။ ဟွာဝေး ကုမ္ပဏီမှ စမတ်ဖုန်း အသစ်တွင် တုံ့ပြန်မှု ပိုမိုအားကောင်းသော ကင်မရာ၊ ပိုမိုကျစ်လစ်သော ဖွဲ့စည်း တည်ဆောက်မှု၊ နောက်ဆုံး ထွက် iPhone ထက် ပိုမိုပါးလွှာသည့် ဖန်သားပြင်နှင့် Google မှ ရေပန်းစား လူကြိုက်များနေသည့် applications များအား အသုံးပြုနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။

ဟွာဝေး ကုမ္ပဏီသည် လက်ရှိဖြစ်ပွားနေသော တရုတ်နှင့် အမေရိကန်ကြားမှ ကုန်သွယ်မှု စစ်ပွဲအရှိန် အဟုန်ကြောင့် ပြည်တွင်းစားသုံးသူများ၏အားပေးမှု တစ်ဟုန်ထိုး များပြားလာခြင်း ဖြစ်သည်။ ယခုနှစ် အကုန်ပိုင်းတင် ဟွာဝေးကုမ္ပဏီက အင်တာနက် လိုင်းဆွဲအား အကောင်းဆုံး 5G network ပါဝင်သည့် မိုဘိုင်း ဖုန်းများ စတင် ဖြန့်ဖြူး လာမည်ဟု ပြည်တွင်းစားသုံးသူများက အခိုင်အမာ ယုံကြည် စောင့်မျှော်နေကြသည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top