အောက်တိုဘာ ၃၁ရက် Halloween ပွဲတော်

yyl-21-011.jpg

Halloween ပွဲတော် သည် နှစ်စဥ် အောက်တိုဘာလ ၃၁ရက်နေ့တွင် ကျင်းပပြုလုပ်သော ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်၀ှမ်းက ကလေး လူငယ် လူလတ်ပိုင်းများ ပါဝင်ဆင်နွဲသော ထိုပွဲတော်ကို ယခုနောက်ပိုင်း နှစ်များတွင် မြန်မာနိုင်ငံရှိ လူငယ်များ အကြား အလွန်ပင် ခေတ်စားလာခဲ့သည်။

Halloween ပွဲတော် သည် ရှေးဟောင်း အနောက်ဥရောပသားများ၏ ဘာသာရေးအယူဝါဒ အခြေခံပွဲတော် တစ်ခုဖြစ်သည်။ ထိုပွဲတော်တွင် ရှေးခေတ် အခမ်းအနား ဝတ်စုံများ ဝတ်ဆင်ခြင်း၊ မီးပုံပွဲများ ပြုလုပ်ခြင်း တို့ဖြင့် တစ္ဆေ သရဲများကို တားဆီးကာကွယ်ကြသည့် အယူအဆ မှ စတင်လာခဲ့သည်။

ရှစ်ရာစုနှစ် က ပုပ်ရဟန်းမင်း Gregory III သည် နိုဝင်ဘာလ ၁ရက်နေ့ ကို သူတော်စင်များအားလုံးကို ပူဇော် အသိမှတ် ဂုဏ်ပြုသော နေ့အဖြစ် တရားဝင်သတ်မှတ်လိုက်သည်။ ထိုအချိန် မှစ၍ နိုဝင်ဘာလ ၁ရက်နေ့ ကို All Saints Day ဟု သတ်မှတ်ခေါ်ယူခဲ့ကြသည်။ ထိုနေ့မတိုင်ခင် ညနေခင်းကို All Hallows Eve ဟုဆိုခဲ့ကြသည်။ အချိန်ကြာလာသည့်အခါ Halloween ဟု ဖြစ်လာပြီး ထိုနေ့တွင် ပျော်ပွဲရွှင်ပွဲ တက်ကြွလှုပ်ရှားမှုများ အဖြစ် trick or treating (ပွဲတော်ညတွင် ကလေးများမှ ပတ်ဝန်းကျင်ရှိ အိမ်များသို့ လည်ကာ အိမ်ရှင်က မပေး မကျွေးလျှင် ခြောက်ပြမည်ဟု ကျီစားသော ကစားနည်းတစ်ခု)၊ carving jack-o-lanterns (ဖရုံသီးအား ထွင်း၍ မီးများထွန်းခြင်း)၊ ပွဲတော်ညတွေ့ဆုံခြင်း၊ ရှေးခေတ် အခမ်းအနား ဝတ်စုံများ ဝတ်ဆင်ခြင်း၊ ချိုချဥ် သကြားလုံးများ စားသောက်ခြင်း စသည်ဖြင့် ဆင်နွဲကြသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top