အသက် ၆၅ အဘိုးကြီးနဲ့ ၁၂ နှစ်သမီး မင်္ဂလာဆောင် ဓာတ်ပုံရိုက် စမ်းသပ်မှု

baby1-married-jpg.gif

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ပေါ်မှာ နာမည်ကျော် YouTube ဗီဒိယို Channel နှစ်ခုက ပူးပေါင်းပြီးတော့ စမ်းသပ်မှု တစ်ခု ပြုလုပ်ပါတယ်။ ယင်းကတော့ အသက် ၆၅ နှစ်အရွယ် သတို့သား အဘိုးကြီးနဲ့ အသက် ၁၂ နှစ် အရွယ် ကလေးမလေးတို့အတွက် Pre Wedding ဓာတ်ပုံ ရိုက်ပေးခြင်း ဖြစ်ပါတယ်။

နယူးယောက်မြို့ လူစည်ကားတဲ့ နေရာမှာ ဓာတ်ပုံရိုက် စမ်းသပ်မှု ပြုလုပ်ပြီး ရောက်လေရာ နေရာမှာ လူတွေရဲ့ တုံ့ပြန်မှုကို ရရှိပါတယ်။ ပထမ တစ်နေရာမှာ အမျိုးသမီး တစ်ယောက်ဟာ ရှေ့တိုးလာပြီး ကလေးကို အသက်ဘယ်လောက်ရှိကြောင်းမေးတယ်။ အဘိုးကြီးကိုမေးတယ်။ ပြီးတော့ မိဘတွေဘယ်မှာလဲ မေးပါတယ်။ ပြီးတော့ ဒါဟာ တရားမဝင်ဘူးလို့ ပြောပြီး ကလေးကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုပါပဲ စမ်းသပ်တဲ့နေရာတိုင်းမှာ အဘိုးကြီးဟာ ပြဿနာ အရှာခံရပြီး အချို့ဆိုရင် ရဲခေါ်ပြီး ဖမ်းမယ်ဆိုတဲ့အထိ လုပ်ကြပါတယ်။ အချို့ဆိုရင် ဝိုင်းပြီးတော့ ထိုးကြိတ်ဖို့အထိတောင် ဒေါသထွက်ကြပါတယ်။

စမ်းသပ်မှုထဲမှာ လာရောက်ဆန့်ကျင်ပြောဆိုသူများကို ကလေးရဲ့ မိဘများက ခွင့်ပြုလို့ လက်ထပ်ခြင်းဖြစ်ကြောင်း ပြောပေမယ့် လက်မခံခဲ့ကြပါဘူး။ ကလေးကို ကယ်ဆယ်ဖို့ပဲ ဆန္ဒမဲနေကြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၉၅ နိုင်ငံကျော်မှာ အရွယ်မရောက်ခင် လက်ထက်ထိမ်းမြားခံရခြင်းဟာ အဖြစ်များလျက် ရှိပါတယ်။ အထူးသဖြင့် အရှေ့အာရှ၊ တောင်အာရှ၊ အနောက်အာရှ၊ အရှေ့တောင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့မှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ အသက်ပြည့်တယ်လို့ ဥပဒေ အရ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

ကမ္ဘာမှာ နေ့စဉ် ၃၃,၀၀၀ (သုံးသောင်းသုံးထောင်) သော အသက်မပြည့်သေးတဲ့ ကလေးငယ်များဟာ ပတ်ဝန်းကျင်၊ မိဘ အသိုင်းအဝိုင်း၊ ဘာသာရေး၊ လူမှုရေး ဖိနှိပ်မှုများအရ လက်ထက်ထိမ်းမြားနေကြရ ပါတယ်။

ဗီဒီယို ကြည့်ရှုရန် – https://youtu.be/KldFGgUTqKA

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top