Titan ရေငုပ်သင်္ဘောငယ် ပေါက်ကွဲပုံကိုသရုပ်ပြထားတဲ့ Animation ဗီဒီယို ကြည့်ရှုမှုအကြိမ်ရေ ၆ သန်းနီးပါး ရှိနေ

13.7.23-yyl-5.jpg

Titan ရေငုပ်သင်္ဘောငယ် ဘယ်လိုပေါက်ကွဲသွားသလဲဆိုတာကို သရုပ်ပြထားတဲ့ Animation ဗီဒီယိုဟာ YouTube ပေါ် တင်ပြီး ၁၂ ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၆ သန်းနီးပါး ရှိခဲ့ပါတယ်။ ၆ မိနစ်၊ ၂၁ စက္ကန့်ကြာမြင့်တဲ့ အဲဒီဗီဒီယိုကို အင်ဂျင်နီယာပညာရပ်ဆိုင်ရာ 3D animation ဗီဒီယိုတွေ တင်လေ့ရှိတဲ့ AiTelly YouTube ချန်နယ်က ဇွန်လ ၃၀ ရက်မှာ တင်ခဲ့တာပါ။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာ ကြမ်းပြင်အောက်မှာ နစ်မြုပ်နေတဲ့ တိုင်တန်းနစ်သင်္ဘောပျက်ဆီ သွားကြည့်တဲ့ Titan ရေငုပ်သင်္ဘောငယ်ဟာ ရေအောက်ထဲကို ငုပ်လျှိုးပြီး ၂ နာရီမပြည့်ခင် (ရေအောက်အနက် ပေ ၅၅၀၀ ဝန်းကျင်မှာ) ပေါက်ကွဲသွားခဲ့တာလို့ ယူဆထားပါတယ်။

ရေအောက်အနက် ပေ ၂၅၀၀၀ မှာ ရှိနေတဲ့ တိုင်တန်းနစ်သင်္ဘောပျက်ပေါ် သက်ရောက်တဲ့ ရေထုဖိအားဟာ တစ်စတုရန်းလက်မမှာ ဖိအား ၅၆၀၀ ပေါင်ဝန်းကျင် ရှိတယ်လို့ ဒီဗီဒီယိုထဲမှာ တွက်ချက်ထားပါတယ်။ Titan ရေငုပ်သင်္ဘောငယ်ပေါ် သက်ရောက်တဲ့ ရေထုဖိအား ကြီးမားလွန်းပြီး ကာဗွန်ဖိုက်ဘာကိုယ်ထည်က ဖိအားဒဏ် မခံနိုင်တဲ့အဆုံး ပေါက်ကွဲသွားခဲ့တာလို့ ဗီဒီယိုထဲမှာ ရှင်းပြထားပါတယ်။
ဒီဗီဒီယိုထဲမှာ Titan ရေငုပ်သင်္ဘောငယ်ရဲ့ အတွင်းပိုင်းမြင်ကွင်းနဲ့ ရေအောက် ခရီးစဉ် ဘယ်လိုသွားခဲ့သလဲဆိုတာ အကြောင်းအရာတွေကိုလည်း ရှင်းလင်းထားတာ တွေ့ရပါတယ်။

ဗီဒီယို ကြည့်ရှုရန်

Ref: Animation of Titan sub’s demise garners 5 million views in 11 days

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top