Batman သရုပ်ဆောင်သစ်ဖြစ်လာတော့မယ့် ရောဘတ် ပတ်တင်ဆန်

Batman-robert-Pattinson.jpg

သွေးစုပ်ဖုတ်ကောင်ဘဝကနေ လင်းနို့လူသားဘဝကိုကူးပြောင်းခြင်းလို့ဆိုရမလားပါပဲ။

၂၀၀၈ ကနေ ၂၀၁၂ အတွင်းထွက်ရှိခဲ့တဲ့ Twilight ဇာတ်ကား (၅) ကား မှာ အက်ဒ်ဝါ့ဒ် ကျူလန် (Edward Cullen) ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်အဖြစ်ပါဝင်ခဲ့ပြီး လူကြိုက်များခဲ့သူ ရောဘတ် ပတ်တင်ဆန် (Robert Pattinson) က နောက်ထွက်လာမယ့် The Batman ရုပ်ရှင်မှာ လင်းနို့လူသားဖြစ်လာတော့မယ်လို့ သိရပါတယ်။

(Edward Cullen) ဆိုတဲ့ သွေးစုပ်ဖုတ်ကောင်အဖြစ်ပါဝင်ခဲ့ပြီး လူကြိုက်များခဲ့သူ ရောဘတ် ပတ်တင်ဆန် (Robert Pattinson) က နောက်ထွက်လာမယ့် The Batman ရုပ်ရှင်မှာ လင်းနို့လူသားဖြစ်လာတော့မယ်

ဆွေးနွေးမှုတွေကိုအပြီးမသတ်ရသေးပေမဲ့လည်း အသက် (၃၃) နှစ်အရွယ် ဒီဗြိတိန်သရုပ်ဆောင်ဟာ ၂၀၁၇ က Justice League ရုပ်ရှင်မှာ DC ရဲ့ စူပါဟီးရိုး လင်းနို့လူသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဘန် အက်ဖလက် (Ben Affleck) နေရာကို အစားထိုးဝင်ရောက်မယ့်သူ ဖြစ်လာဖို့များနေပါပြီ။

ဘန် အက်ဖလက် (Ben Affleck) နေရာကို အစားထိုးဝင်ရောက်မယ့်သူ ဖြစ်လာဖို့များနေ

လတ်တလောမှာတော့ The Batman ရဲ့ ဒါရိုက်တာ မတ် ရိဗ်စ် (Matt Reeves) နဲ့ ညှိနှိုင်းမှုတွေလုပ်နေတယ်လို့ Variety ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဘန် အက်ဖလက် (Ben Affleck)

ဇန်နဝါရီလလောက်တုန်းက ဘန် အက်ဖလက် ကပဲ ပြန်ပြီးသရုပ်ဆောင်ရိုက်ကူးသွားမယ်လို့ သတင်းထွက်ခဲ့သေးပေမဲ့ The Batman ရုပ်ရှင်အတွက် ပိုပြီးငယ်ရွယ်တဲ့ ဘရုစ် ဝိန်း (Bruce Wayne) ကို ထည့်သွင်းပြသလိုတာကြောင့် အခုလို သရုပ်ဆောင်အသစ်ထပ်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

The Batman ရုပ်ရှင်အတွက် ပိုပြီးငယ်ရွယ်တဲ့ ဘရုစ် ဝိန်း (Bruce Wayne) ကို ထည့်သွင်းပြသလိုတာကြောင့် အခုလို သရုပ်ဆောင်အသစ်ထပ်ရှာဖွေခဲ့

The Batman ရုပ်ရှင်အတွက် Pre-production ကိုတော့ လာမယ့်နွေရာသီမှာ စတင်သွားမှာဖြစ်ပြီး ၂၀၂၁ ဇွန် (၂၅) လောက်မှာ ပြသနိုင်ဖွယ်ရှိတယိလို့ သိရပါတယ်။

Ref: Dailymail “Robert Pattinson to take over for Ben Affleck to play Caped Crusader in upcoming superhero flick The Batman”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top