အာကာသကနေ တစ်ကမ္ဘာလုံးကို အင်တာနက်ပေးဖို့ ပြင်ဆင်နေတဲ့ SpaceX

download.jpg

စပေ့စ်အိတ်စ် (SpaceX) အာကာသကုမ္ပဏီဟာ တစ်ကမ္ဘာလုံးကို အင်တာနက်ပေးဖို့ ပြင်ဆင်နေပြီး တကယ်လုပ်နိုင်တယ်ဆိုရင် သူတို့အတွက် ကြီးမားတဲ့ မှတ်တိုင် ဖြစ်သွားမှာပါ။ ကုမ္ပဏီက ကမ္ဘာ့ပတ်လမ်း အနိမ့်ပိုင်းမှာ ဂြိုလ်တု အလုံး (၆၀) လည်ပတ်နိုင်ဖို့ ကြိုးစားနေတာပါ။ ဂြိုလ်တု အလုံး (၆၀) ပါတဲ့ အစုအဝေးကို စပေ့စ်အိတ်စ် ကုမ္ပဏီက စတားလင့်ခ် (Starlink)လို့ အမည်ပေးထားပြီး မကြာခင်ရက်က လွှတ်တင်ခဲ့ပါတယ်။

စပေ့ခ်အိတ်စ် ကုမ္ပဏီဟာ စတားလင့်ခ်ဂြိုလ်တုကို ဗုဒ္စဟူးနေ့ညနေပိုင်းက လွတ်တင်ဖို့ အစီအစဉ် ဆွဲထားတာ ဖြစ်ပေမယ့်လည်း ရာသီဥတုမကောင်းတာကြောင့် မနေ့က ကြာသပတေးနေ့ ညနေပိုင်းမှာ လွှတ်တင်ခဲ့ပါတယ်။ စပေ့စ်အိတ်စ် ကုမ္ပဏီဟာ အင်တာနက်မရတဲ့ နေရာတွေမှာ အင်တာနက်ခသက်သာစွာနဲ့ အင်တာနက်သုံးစွဲနိုင်ဖို့ ရည်ရွယ်တဲ့ အတွက်ကြောင့် ဂြိုလ်တု အလုံး (၆၀) ပါတဲ့ ဂြိုလ်တုအစုအဝေးတစ်ခုကို လွှတ်တင်ခဲ့တာပါ။

 

စပေ့စ်အက်စ်ကုမ္ပဏီဟာ ကြာသပတေးနေ့က လွှတ်တင်တာအောင်မြင်သွားရင် အင်တာနက်နယ်ပယ်မှာ သူ့ရဲ့အဓိက ပြိုင်ဘက်ဖြစ်တဲ့ အမေဇွန် (Amazon) ကိုတောင် အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။ လွှတ်တင်ခဲ့တဲ့ ဂြိုလ်တု အလုံး (၆၀) မှာ အားနည်းချက်တစ်ခု ရှိတာက ပတ်လမ်းအတွင်း လည်ပတ်နေစဉ် အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ မရတာပါ။ လွှတ်တင်တာ အောင်မြင်လား ဆိုတာကိုတော့ မသိရသေးဘူး ဖြစ်ပါတယ်။

ပြိုလ်တုအများကြီး လွှတ်တင်တာက ဒေါ်လာဘီလျံကုန်ကျမှာ ဖြစ်ပြီး အရင်က တခြားကုမ္ပဏီတွေလည်း အခုလို ဂြိုလ်တု အများကြီး လွှတ်တင်ခဲ့တာကြောင့် ဒေဝါလီ ခံခဲ့ရပါတယ်။ ဒါပေမယ့် အပေ့စ်အိတ်စ် ကုမ္ပဏီရဲ့ ပိုင်ရှင် အေလွန် မက်ခ် (Elon Musk) က အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ ဧပြီလက ဒေါ်လာသန်း (၄၀၀) ရှာနိုင်ခဲ့ကြောင်း ဆိုပါတယ်။ တကယ်ပဲ တစ်ကမ္ဘာလုံးကို အင်တာနက်ရအောင် လုပ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါပဲ။

Ref: CNN “SpaceX will launch its first 60 satellites to deliver internet from space”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top