ကုမ္ပဏီထိန်းချုပ်ခွင့်ကို ဝန်ထမ်းတွေဆီလွှဲပေးလိုက်တဲ့ အင်္ဂလန်သူဌေး

13539508-7031275-image-a-1_1557941587648.jpg

ရစ်ချာဆောင်းကုမ္ပဏီတည်ထောင်သူ ဂျုလီယန် ရစ်ချာ (Julian Richer) ဟာ သူ့ရဲ့ ကုမ္ပဏီထိန်းချုပ်ခွင့်ကို ဝန်ထမ်းတွေဆီလွှဲပြောင်းပေးခဲ့ပြီး ဝန်ထမ်းတွေအတွက် အပိုဆုကြေးငွေလည်း အများအပြားပေးခဲ့ပါတယ်။ သူက သူ့ကိုယ်ပိုင် ရစ်ချာဆောင်းကုမ္ပဏီမှာရှိတဲ့ သူ့ရဲ့ရှယ်ယာ (၆၀) ရာခိုင်နှုန်းကို အလုပ်သမားစုပေါင်းပိုင်ဆိုင်မှု (employee ownership) အဖြစ်ပြောင်းပေးသွားခဲ့ပြီး ပိုင်ရှင်ဂုဏ်ပုဒ်ကို အပြီးတိုင်စွန့်လွတ်သွားခဲ့ပါတယ်။

မကြာသေးခင်ကမှ အသက် (၆၀) ပြည့်သွားခဲ့တဲ့ ရစ်ချာက ကုမ္ပဏီကို အလုပ်သမား (၅၂၁) ယောက်ရဲ့ လက်ထဲကို ထိုးအပ်လိုက်ဖို့ အချိန်ကျပြီလို့ ဆုံးဖြတ်ချက်ချခဲ့ပုံကို ပြန်ပြီးပြောပြခဲ့ပါတယ်။ သူက “အဖေက အသက် (၆၀) မှာ ဆုံးသွား ခဲ့တယ်။ ကျွန်တော်လည်း သူ့လို ဖြစ်လာမှာပါ။ ကုမ္ပဏီမှာ မရှိနိုင်တဲ့အချိန်ကျတော့မှ ကျောခိုင်းလိုက်တာထက် အချိန်ကျလာပြီလို့ ခံစားရပါတယ်။ အလွှဲအပြောင်း ချောချောမွေ့မွေ့ ဖြစ်သွားအောင် သေချာလုပ်ချင်ခဲ့တာပါ”

“ကျွန်တော့ ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်အုံးမှာပါ။ ကျွန်တော် ကုမ္ပဏီကို အရမ်းဂရုစိုက်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်ဟာ နောက်မျိုးဆက်သစ်တွေအတွက် အချိန်ပါ” လို့ ပြောခဲ့ပါတယ်။ သူက ရင်းနှီးထည့်ဝင်ငွေအတွက် ကုမ္ပဏီကနေ ဒေါ်လာ (၉.၂) သန်း ရခဲ့ပေမယ့် ဒေါ်လာ (၉.၂) သန်းထဲက ဒေါ်လာ (၃.၅) သန်းကို ဝန်ထမ်းတွေကို ပြန်ပေးခဲ့ပါတယ်။ ဒီတော့ ဝန်ထမ်းတွေက အပိုဆုကြေးငွေ အများကြီး ရရှိတော့မှာပါ။

ကုမ္ပဏီ ပိုင်ရှင် ဂျုလီယန် ရစ်ချာအတွက် အလုပ်လုပ်ပေးခဲ့ကြတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီက တစ်နှစ်မှာပဲ အပိုဆုကြေးငွေ ဒေါ်လာ (၁၀၀၀) ရရှိကြမှာ ဖြစ်ပါတယ်။ ရစ်ချာ ဆောင်း ကုမ္ပဏီက နှစ်စဉ် ရောင်းရဝင်ငွေ ဒေါ်လာ သန်း (၂၀၀) ရှိပြီး အင်္ဂလန်နိုင်ငံမှာ ဆိုင်ပေါင်း (၅၃) ဆိုင် ရှိပါတယ်။ ကုမ္ပဏီပိုင်ရှင် ရစ်ချာက ခေါင်းဆောင်ကောင်းတွေ ပုံစံလိုပဲ မျိုးဆက်သစ်တွေအတွက် နေရာဖယ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

Ref: Dailymail “Richer Sounds staff get richer as boss hands control to workers”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top