ဝက်ဖို့ဒ် ၂-၀ မန်ယူ
ပွဲချိန်(၅)မိနစ်က မာရှယ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် မန်ယူအသင်း အခွင့်အရေး ဆုံးရှုံးခဲ့သလို လင်ဂတ်ကလည်း အကောင်းဆုံး အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပွဲချိန်(၅၀)မိနစ်မှာ အစ္စမေးလ်ဆားရဲ့ မြေထောက်ကန်ချက်ကို ဖမ်းရာမှာ ဒီဂီယာ လက်ချော်ထွက်ပြီး ဂိုးပေးလိုက်ရသလို နောက်(၄)မိနစ်အကြာမှာလည်း ဝမ်ဘစ်ဆကာကြောင့် ပင်နယ်တီပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကနေ ဒီနေးက ဒုတိယဂိုးသွင်းခဲ့တာပါ။
ထူးခြားမှတ်တမ်း
ပြီးခဲ့တဲ့ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီဂီယာက ဂိုးပေးရစေတဲ့အမှား ၆ ကြိမ်လုပ်ခဲ့ပြီး သူ့ထက်အမှားပိုလုပ်သူမရှိပါဘူး။
ဆိုးလ်ရှားလက်ထက် မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု နည်းတဲ့ပွဲစဉ်တွေရဲ့ ၇၃ ရာခိုင်နှုန်း(၁၁ ပွဲ ကစား၊ ၈ ပွဲနိုင်)အနိုင်ရခဲ့ပေမဲ့ ဘောလုံးပိုင်ဆိုင်မှုများတဲ့ ပွဲစဉ်တွေထဲမှာတော့ နိုင်ပွဲရရှိမှုက ၃၆ ရာခိုင်နှုန်းပဲ(၂၈ ပွဲကစား၊ ၁၀ ပွဲနိုင်)
ရှိပါတယ်။
Nz(ရိုးရာလေး)