လက်စတာတိုက်စစ်မှူး ဗာဒီ အနီကတ်မထိခဲ့လို့ အာဆင်နယ်နည်းပြ ဒေါသထွက်နေ

8-7-2020-yyl-008.jpg

လက်စတာနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အန်ကက်တီယာ ထုတ်ပယ်ခံရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး VAR စည်းမျဉ်းတွေကို နားမလည်နိုင်အောင်ဖြစ်မိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အန်ကက်တီယာဟာ လူစားဝင်ကစားပြီး ၄ မိနစ်အကြာမှာပဲ ဂျိမ်းစ်ဂျက်စတင်ကို ခြေထောက်နဲ့နင်းဝင်သလိုဖြစ်ခဲ့လို့ VAR ပြန်ကြည့်ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အန်ကက်တီယာကို အနီကတ်ပြရင် လက်စတာတိုက်စစ်မှူး ဗာဒီကိုလည်း အနီကတ်ပြသင့်တယ်လို့ အာတီတာက ဆိုခဲ့ပါတယ်။ ဗာဒီဟာ မူစတာဖီရဲ့မျက်နှာကို ခြေထောက်နဲ့ကန်ခဲ့သလို ဖြစ်ခဲ့တာကို အာတီတာက ထောက်ပြခဲ့တာပါ။

”အန်ကက်တီယာက ပြိုင်ဘက်ကစားသမားကို မမြင်လိုက်ဘူး။ သူက ဘယ်သူ့ကိုမှလည်း နာကျင်စေချင်စိတ် မရှိပါဘူး။ ဒါပေမဲ့ အနီကတ်ထိခဲ့တယ်။ သူက လူငယ်လေးပဲရှိသေးတာကို ထည့်တွေးပေးရမှာပါ။ အန်ကက်တီယာကို အနီကတ်ပြတယ်ဆိုရင် လက်စတာလည်း ပွဲချိန်(၄၂)မှာကတည်းက ၁၀ ယောက်တည်းနဲ့ ကစားရမှာပါ။ ပွဲချိန်မိနစ် ၄၀ နဲ့ ၄၅ မိနစ်ကြားမှာ ဖြစ်ခဲ့တဲ့ ဘောလုံးယှဉ်လုမှုတစ်ခုကြောင့်ပေါ့။ အဲဒီလိုဖြစ်ရပ်မျိုးတွေကို ဗီဒီယိုပြန်ကြည့်မယ်ဆိုရင် ဖြစ်ရပ်အားလုံးကို ဗီဒီယိုပြန်ကြည့်ရမှာပါ။ အက်ဒီ(အန်ကက်တီယာ)ကို အနီကတ်ပြရမယ်ဆိုရင် တခြားသူကိုလည်း အနီကတ်ပြရမှာပါ”လို့ အာတီတာက ပြောပါတယ်။ အာဆင်နယ်ဟာ အူဘာမီယန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲချိန်(၈၀)မိနစ်မှာ ဗာဒီရဲ့ချေပဂိုးကြောင့် သရေတစ်မှတ်ခွဲယူခဲ့ရပြီး လက်စတာကတော့ အဆင့်(၃) နေရာကနေ ဖယ်ပေးခဲ့ရပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ (၂-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးက တစ်မှတ်အသာနဲ့ အဆင့်(၃) နေရာ ရောက်ရှိလာခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top