ဖိလစ်ပိုင်နိုင်ငံမှာ အုန်းရည်ဝိုင်သောက်လို့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံး

yyl-006-12.jpg

ဖိလစ်ပိုင်နိုင်ငံမှာ အုန်းရည်နဲ့ ပေါင်းခံဖော်စပ်ထားတဲ့ ဝိုင်တစ်မျိုး သောက်ရာကနေ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ပြီး လူ ၃၀၀ ကျော် ဆေးရုံရောက်ခဲ့ပါတယ်။

သေဆုံးသူတွေဟာ နေထိုင်ရာမြို့ မတူပေမဲ့ အုန်းရည်ဝိုင်ကိုတော့ ဆိုင်တစ်ဆိုင်တည်းကနေ ဝယ်ယူခဲ့ကြတာလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ လမ်ဘာနော့(Lambanog)ဝိုင်ကို အုန်းရည်၊ ဓနိရည်တွေနဲ့ အသုံးပြုပြီး ဖော်စပ်လေ့ရှိပါတယ်။ တရားမဝင် ရောင်းချတဲ့ လမ်ဘာနော့ဝိုင်တွေမှာတော့ အရက်ပါဝင်မှု ၄၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။

လမ်ဘာနော့ဝိုင် ထုတ်လုပ်သူကေတာ့ အာဏာပိုင်တွေထံ ကိုယ်တိုင်ကိုယ်ကျ လာရောက်အဖမ်းခံခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ မနီလာမြို့ အရှေ့တောင်ပိုင်း လာဂူနာပြည်နယ်၊ ရီဇယ်မြို့မှာ နေထိုင်သူတွေပါ။ ခရစ္စမတ်ကာလမှာ လမ်ဘာနော့ဝိုင် ဝယ်လိုအား မြင့်တက်နေပေမဲ့ လမ်ဘာနော့ဝိုင် ရောင်းချမှုကို ယာယီပိတ်ပင်လိုက်ပြီလို့ လာဂူနာပြည်နယ် အစိုးရဝန်ကြီးက ဖေ့ဘွတ်ခ်ပေါ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့သည့်နှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံမှာ လမ်ဘာနော့ဝိုင် သောက်ရာကနေ အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

Ref:BBC

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top