မြန်မာ့တက်သစ်စလူငယ် influencers (၈) ယောက်က Vivo UP Campaign မှာ တစ်တပ်တစ်အား ပါဝင်သွားမည်

LAUNCH-HYPE-1.jpg

အဆင့်မြင့်စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vivo က မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေးကဏ္ဍမှ ငယ်ရွယ်ပြီး လူကြိုက်များတဲ့ ကြယ်ပွင့် (၈) ဦးတို့ကို Vivo အမှတ်တံဆိပ် endorsers တွေအဖြစ် လက်တွဲပူးပေါင်းပြီး လာမယ့် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့၊ ၂၀၁၉ ခုနှစ်တွင် ၎င်းရဲ့ ဒီဇိုင်းအလန်းစား ဖုန်းအမျိုးအစားသစ် နှစ်မျိုးဖြစ်တဲ့ V15 နှင့် V15 Pro တို့ကို Melia ဟိုတယ်၊ အင်းယားခန်းမ တွင် ညနေ (၃) နာရီမှ (၅) နာရီတွင် ကြီးကျယ်ခမ်းနားစွာ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို Vivoရဲ့ Brand Ambassador တွေဖြစ်တဲ့ အဆိုတော်၊ သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း၊ သရုပ်ဆောင် နှင့် အလှအပရေးရာ အထူးကျွမ်းကျင်သူ နေခြည်ဦးတို့နဲ့အတူ Vivo အမှတ်တံဆိပ်ရဲ့ endorsers တွေအဖြစ် နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် နှင့် မော်ဒယ်များ ဖြစ်တဲ့ ရှင်မွေလ၊ ပိုးကြာဖြူခင်၊ နန်းစန္ဒာလှထွန်း၊ စည်သူဝင်း၊ Alice Ong၊ မေလသံစဉ်၊ နော်ဖောအယ်ထား နှင့် စွဲမြတ်သဉ္ဇာ တက်ရောက်သွားမှာဖြစ်ပါတယ်။

V15| V15 Pro ဖုန်းအမျိုးအစားသစ်နှစ်မျိုးရဲ့တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို Vivo Facebook စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပြီး ကြည့်ရှုနေသူတွေထဲကနေ ကံထူးရှင်ကို ရွေးချယ်ပေးမယ့် အစီအစဉ်လည်းပါရှိပါတယ်။

V15 နှင့် V15 Pro တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ဧည့်ပရိတ်သတ်တွေနဲ့ မီဒီယာတွေအတွက် ဖုန်းအသစ်နှစ်မျိုးရဲ့လုပ်ဆောင်ချက်တွေကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်သွားနိုင်မယ့် Experience ဧရိယာလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top