မျိုးဆက်သစ်ဗောက်ပျောက်ခေါင်းလျှော်ရည်တွေကို CLEAR က မိတ်ဆက်

1-2.jpg

မြန်မာနိုင်ငံရဲ့ နံပါတ် (၁) ဗောက်ပျောက်ခေါင်းလျှော်ရည် အမှတ်တံဆိပ် CLEAR က CLEAR New Generation Anti-Dandruff Shampoo ဖြစ်တဲ့ မျိုးဆက်သစ် ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားသစ်တွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Unileverရဲ့ ဗောက်ပျောက်ခေါင်းလျှော်ရည် အမှတ်တံဆိပ် CLEARက နိုင်ငံတကာ ဈေးကွက်တွေမှာ အရည်အသွေးမြင့် ဗောက်ပျောက်ခေါင်းလျှော်ရည်အဖြစ် အသိအမှတ်ပြုခံထားရပြီး မြန်မာနိုင်ငံဈေးကွက်မှာ ဒီဇိုင်းအသစ်၊ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတို့ဖြင့် ထုတ်လုပ်ထားတဲ့ မျိုးဆက်သစ် ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားသစ်တွေဖြစ်တဲ့ အမျိုးသမီးတွေအတွက် CLEAR Complete Soft Care၊ CLEAR Ice Cool Menthol၊ CLEAR Sakura Fresh နဲ့ CLEAR Herbal Care တို့အပြင် အမျိုးသားတွေအတွက် CLEAR Cool Sport Menthol နဲ့ CLEAR Deep Cleanse အစရှိတဲ့ အမျိုးအစား (၆) မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ မျိုးဆက်သစ် ဗောက်ပျောက်ခေါင်းလျှော် ရည်တွေက ဆံကေသာနှင့် ဦးရေပြား ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းပညာဖြင့် ပေါင်းစပ်ဖန်တီး ထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားတွေလည်း ဖြစ်ပါတယ်။

CLEAR ဗောက်ပျောက်ခေါင်းလျှော်ရည်များမှာ သုံးစွဲသူတွေအားလုံးအတွက် ဗောက်ကင်းစင်စေပြီး နူးညံ့ ရှင်းသန့်သော ဆံကေသာအလှတရားကို ပေးစွမ်းတဲ့အပြင် ဦးရေပြားကိုလည်း အားဖြည့်ပေးတာကြောင့် မြန်မာနိုင်ငံဈေးကွက်မှာပါ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ယခု မိတ်ဆက်လိုက်တဲ့ CLEAR မျိုးဆက်သစ် ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစား (၆) မျိုးကို Triple Anti-Dandruff Technology (သုံးဆဗောက်ကာကွယ်နိုင်စွမ်းနည်းပညာ )ပါဝင်တဲ့ ဦးရေပြားထိန်းသိမ်းစောင့်ရှောက်မှုခေတ်မီနည်းပညာ၊ Vitamin B3 နှင့် Amino Acid ဖြင့် ဖော်စပ်ထားတဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှု နည်းပညာများ ပေါင်းစပ်ဖန်တီးထားတာကြောင့် ထပ်ခါတလဲ ပြန်လည်ဖြစ်ပေါ်တတ်တဲ့ ဗောက်နှင့်ဦးရေပြားပြဿနာကို အပြီးသတ် တားဆီးဖယ်ရှား ပေးနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း အရင်ဘူးဒီဇိုင်းများနှင့်မတူ အသုံးပြုရပိုမိုလွယ်ကူစေတဲ့ တန်းဖွင့်လို့ရတဲ့ ဘူးအဖုံးဒီဇိုင်း၊ 3D ဆန်ဆန်ဘူးအသွင်နဲ့ မြင့်တွေ့နိုင်မှာဖြစ်ပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်သရုပ်ဆောင် ရွှေမှုံရတီကို CLEAR Myanmar ရဲ့အမှတ်တံဆိပ်သံတမန် (Brand Ambassador) အဖြစ်ကြေညာခဲ့ပါတယ်။

အထူးအစီအစဉ်အနေနဲ့ မိတ်ဆက်ပွဲမှာ ဗောက်နှင့်ဦးရေပြားဆိုင်ရာ အကြောင်းအရာတွေကို မြန်မာနိုင်ငံရဲ့ နာမည်ကျော် Hair Salon Empire Charme မှ Marketing and Operation Manager ဖြစ်သူ မသဇင်အောင်နဲ့ဆွေးနွေးခဲ့ကြပြီး ဦးရေပြားစမ်းသပ်မှု – Scalp Check ဖြင့် လက်တွေ့ပြသခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ပိုင်တံခွန်၊ အမွန်းနှင့် ပိုးမမှီသာတို့မှ နေ့စဉ်အခက်အခဲတွေကို တားဆီးကျော်လွှားခြင်းနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်းတို့ရဲ့ အရေးပါပုံတို့ကို ဆွေးနွေးခဲ့ပြီး ပျော်ရွင်စရာအစီအစဉ်တွေအပါအဝင် နာမည်ကျော်တေးဂီတအဆိုရှင် Ar-T ရဲ့ ဖျော်ဖြေရေးအစီအစဉ်နဲ့လည်း ပရိတ်သတ်တွေကိုတင်ဆက်ပေးခဲ့ပါတယ်။ ပွဲအပြီးမှာ New Generation EDM Dance Party လို့အမည်ရတဲ့ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး နာမည်ကျော်အဆိုတော် Ar-T နဲ့ နာမည်ကျော် DJ တစ်ဦးဖြစ်တဲ့ DJ Double U တို့မှ မြူးကြွတဲ့ ဂီတဖျော်ဖြေမှုတွေနဲ့ ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။

CLEAR အနေနဲ့ ထပ်ခါတလဲ ပြန်လည်ဖြစ်ပေါ်တတ်တဲ့ ဗောက်နှင့်ဦးရေပြား ပြဿနာတွေကို အပြီးသတ် တားဆီးဖယ်ရှားပေးနိုင်ဖို့ ရည်ရွယ်ပြီး မျိုးဆက်သစ် ဗောက်ပျောက်ခေါင်းလျှော်ရည်တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ဗောက်ကင်းစင်ပြီး နူးညံ့လှပတဲ့ ဆံကေသာတွေ ပိုင်ဆိုင်တာကြောင့် ပွဲလယ်တင့်ပြီး မိမိကိုယ်ကို ယုံကြည်မှုပိုစေကာ နေ့စဉ်ကြုံတွေရနိုင်တဲ့ အခက်အခဲ၊ အတားအဆီးတွေကို အကောင်းမွန်ဆုံး ကျော်လွှားနိုင်ပြီး ဖုံးကွယ်စရာမရှိ လှပတဲ့ နေထိုင်မှုဘဝကိုလည်း ရရှိနိုင်ကြမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top