Galaxy Z Flip5 နှင့် Z Fold5 အပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ်နည်းပညာမြင့်ထုတ်ကုန်သစ်များကို မြန်မာနိုင်ငံဈေးကွက်၌ စတင်ရောင်းချ

21.8.23-yyl-14.jpg

Samsung Electronics ၏ နောက်ဆုံးထွက် Galaxy ထုတ်ကုန်သစ်များဖြစ်သော Galaxy Z Flip5, Z Fold5, Tab S9 စီးရီးနှင့် Watch6 စီးရီးတို့အား မြန်မာနိုင်ငံဈေးကွက်ရှိ Samsung Showroom များ၊ ကိုယ်စားလှယ်အရောင်းဆိုင်ကြီးများ၌ စတင်ရောင်းချသည့် အထိမ်းအမှတ်အနေနှင့် Consumer Launch Event အခမ်းအနားကြီးအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ ၂၀ ရက်နေ့တွင် Junction City (Promotion Area) ၌ တစ်နေ့တာလုံး ကျင်းပပြုလုပ်ခဲ့ပြီး ပွဲသို့ နာမည်ကျော် အနုပညာရှင်၊ Social Influencer၊ မီဒီယာမိတ်ဆွေများနှင့် လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်များ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ၌ စတင်ရောင်းချခြင်း အထိမ်းအမှတ်အဖြစ် Samsung Myanmar အနေနှင့် မြန်မာနိုင်ငံ၏ နာမည်ကြီး Fashion & Lifestyle Local Brand တစ်ခုဖြစ်သော Yangoods နှင့် မိတ်ဖက်ပြီး မြန်မာ့ရိုးရာအနှစ်သာရများနှင့်အတူ Galaxy Z Flip5 နဲ့ Z Fold5 ဖုန်းတို့၏ Galaxy Theme Wallpaper UI ကို ပေါင်းစပ် ထည့်သွင်းထားသည့် Exclusive Mini Bag Collection အား Galaxy Z Flip5 နှင့် Z Fold5 ဝယ်ယူအားပေးသူများအတွက် အထူးသီးသန့်အဖြစ် လက်ဆောင်ထည့်သွင်း ပေးအပ်သွားမည်ဖြစ်သည်။

ပွဲစဥ်အတွင်း၌ Samsung Myanmar သည် ၄င်း၏ မိတ်ဖက် Partner များဖြစ်ကြသော Yangoods, Real Fitness, Sculpt Studio, Coca-Cola တို့နှင့်အတူ ပူးပေါင်း၍ လာရောက်အားပေးကြည့်ရှုသူ ပရိတ်သတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဥ်များ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ကံစမ်းမဲအစီအစဥ်များအား ပြုလုပ်ခဲ့ကြပြီး ပရိတ်သတ်များမှလည်း ပျော်ရွှင်တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။

Launching ကာလအထူးအစီအစဥ်အနေနှင့် Samsung Member များအတွက် Samsung ၏ မိတ်ဖက် Partner များဖြစ်သည့် Lotte ဟိုတယ်, Real Fitness, Oway တို့မှလည်း အောက်ပါအထူးခံစားခွင့်များအား ပေးအပ်သွားမည်ဖြစ်သည်။

Lotte ဟိုတယ်ရှိ စားသောက်ဆိုင်များဖြစ်သော La Seine, Toh Lim, Mugunghwa, Poolside BBQ, The Lounge တို့တွင် အနည်းဆုံး ဒေါ်လာ ၅၀ အသုံးပြုဝယ်ယူစားသောက်မှုတိုင်းအတွက် ဟိုတယ်ရေကူးကန်အား တစ်ရက် အခမဲ့အသုံးပြုခွင့် (ဘောက်ချာ (သို့မဟုတ်) ကူပွန်တစ်စောင်လျှင် ၂ ဦးခန့် ဝင်ရောက်နိုင်သည်။)

Fitness Center Day Pass Access အား ပုံမှန်ဈေးထက် ၂၀% သက်သာခွင့်

Fitness Center လစဥ်စာရင်းပေးသွင်းမှုအားလည်း ၂၀% သက်သာခွင့်

The Lounge စားသောက်ဆိုင်၏ Tea Garden (Afternoon Tea) အား ၁၅% သက်သာခွင့် တို့ကိုလည်းကောင်း

Real Fitness ၌ မန်ဘာဝင်ရောက်ဆော့ကစားလိုသူများအတွက်
မန်ဘာကြေး ၆ လစာပေးသွင်းလျှင် ၂၀% သက်သာခွင့်၊ ၁ နှစ်စာပေးသွင်းလျှင် ၄၀% သက်သာခွင့်တို့အပြင် တစ်ရက်တာ အခမဲ့ ဝင်ရောက်အသုံးပြုခွင့်

Oway အသုံးပြုသူ Customer များအတွက်
Oway မှ ပြည်တွင်း/ပြည်ပ လေယာဥ်လက်မှတ်ဖြစ်စေ၊ ကားလက်မှတ်ဖြစ်စေ၊ ဟော်တယ်ဘွတ်ကင်ဖြစ်စေ အနည်းဆုံး ငွေကျပ် ၁ သိန်းနှင့်အထက် ဝန်ဆောင်မှု ဝယ်ယူအသုံးပြုမှုတိုင်းအတွက် ၂၀% သက်သာခွင့်တို့ကို အသီးသီး ပေးအပ်သွားမည်ဖြစ်သည်။

Launching ကာလတွင် Galaxy ထုတ်ကုန်သစ်ဝယ်ယူသူများ ရရှိခံစားနိုင်မည့် အထူးအခွင့်အရေးများ

Galaxy Z Flip5 ဝယ်ယူသူများအတွက် Yangoods Mini Bag နှင့် Flip Suit Case + BTS Cover Card

Galaxy Z Fold5 ဝယ်ယူသူများအတွက် Yangoods Mini Bag နှင့် Clear Gadget Cover
လက်ရှိကိုင်ဆောင်ထားသည့် စမတ်ဖုန်း (သို့မဟုတ်) Tablet နှင့် လဲလှယ်လိုသူများအတွက် ဖုန်းအဟောင်းတန်ဖိုးအပါ ၁၈ သိန်းအထိ သက်သာခွင့်အပြင် ငွေကျပ် ၄ သိန်းခွဲအထိ ထပ်ဆောင်းပံ့ပိုးပေးသွားမည့် Trade-in Discount

Galaxy Tab S9 စီးရီး ဝယ်ယူသူများရရှိခံစားနိုင်မည့် အထူးအခွင့်အရေးများ
Galaxy Tab S9 စီးရီး ဝယ်ယူသူများအတွက် Smart Book Cover (လက်ကျန်ပစ္စည်းရှိသရွေ့)
လက်ရှိကိုင်ဆောင်ထားသည့် စမတ်ဖုန်း၊ တက်ဘလက် စသည်နှင့် လဲလှယ်လိုသူများအတွက် ငွေကျပ် ၄၀၀,၀၀၀ အထိ သက်သာခွင့် Trade-in Discount အပြင် ကျောင်းသူ၊ ကျောင်းသားများအတွက် ၅ သောင်းကျပ် အထိထပ်မံလျှော့ပေးသွားမည့် Student Discount

အသစ်ထွက် Galaxy Z Flip5, Z Fold5, Tab S9 series နှင့် Watch6 series များကို ငွေအလုံးအရင်းလိုက် ပေးစရာမလိုပဲ ‌‌ AYA Pay နှင့် CB Bank Credit အသုံးပြု၍ အတိုးမဲ့အရစ်ကျစနစ် ၆လ ဖြင့် (0% interest installment) ဝယ်ယူပါက

Galaxy Z Flip5 အတွက် ၁လလျှင် ငွေကျပ် ၆ သိန်းကျော်ခန့် ပေးသွင်းနိုင်

Galaxy Z Fold5 အတွက် ၁လလျှင် ငွေကျပ် ၁၀ သိန်းကျော်ခန့် ပေးသွင်းနိုင်

Galaxy Tab S9 Series အတွက် ၁လလျှင် ငွေကျပ် ၆ သိန်းကျော်ခန့် ပေးသွင်းနိုင်

Galaxy Watch6 Series အတွက် ၁လလျှင် ငွေကျပ် ၁ သိန်းကျော်ခန့် ပေးသွင်းနိုင်ပြီး ငွေအကုန်ကျသက်သာစွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

Samsung Care+ ဝန်ဆောင်မှုမှတစ်ဆင့် မတော်တဆ ဖုန်း Main screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၇၀% သက်သာခွင့် (သို့မဟုတ်) ဖုန်း Cover Screen ပျက်ဆီးဆုံးရှုံး၍ ပြင်ဆင်ခြင်းအတွက် ၁၀၀% သက်သာခွင့်တို့ကိုလည်း ၀ယ်ယူသည့်‌နေ့မှ ၁နှစ်အတွင်း ရရှိသွားမည်ဖြစ်သည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top