OPPO ရဲ့အသစ်တဖန် စိန်ခေါ်မှုနဲ့ OPPO Reno3 Pro ကို ပိုင်ဆိုင်ဖို့ အခွင့်အရေး

OPPO-Photo-1.jpg

OPPO ဖုန်းကင်မရာနဲ့ ရိုက်ကူးတဲ့ မိမိတိုရဲ့ ဓာတ်ပုံစွမ်းရည်တွေကတစ်ဆင့် မြန်မာနိုင်ငံက ဓာတ်ပုံဝါသနာရှင်တွေလည်း နိုင်ငံတကာမှ Professional Photographer များ နည်းတူ စွမ်းဆောင် နိုင်ကြောင်းကို ပြသနိုင်ရန်အတွက် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို OPPO ကကျင်းပပေးမည်ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆုလက်ဆောင်အဖြစ် OPPOရဲ့ အသစ်ထွက်ရှိထားတဲ့ Reno3 Pro ကို ချီးမြင့်သွားမှာဖြစ်ပါတယ်။

ဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေလို လှပဆန်းသစ်တဲ့ ရှုခင်းပုံများဖန်တီးရင်း OPPO Reno3 Pro ဖုန်းအသစ်တစ်လုံး ရရှိနိုင်မယ့် အစီအစဉ်ကို မြန်မာနိုင်ငံက OPPO ချစ်သူ ဖုန်းဓာတ်ပုံ ဝါသနာရှင်များအားလုံးအတွက် OPPO က မိတ်ဆက်ပေးလိုက်ပါတယ်။ “OPPO Gallery Campaign” ခေါင်းစဉ်နဲ့ ကျင်းပသွားမယ့် ဒီဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်လိုပါက မည်သည့် ဖုန်းကင်မရာနှင့်မဆို ရိုက်ကူးထားသော ရှုခင်းအလှပုံတို့ကို မိမိရဲ့ Facebook Account နှင့် OPPO ရဲ့Official Facebook Page တွေမှာတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။

ဆုရရှိသူတွေကို မတ်လ ၂၇ ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပြီး ပထမဆုရရှိသူက OPPO Reno3 Pro ဖုန်းကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့ပြိုင်ပွဲဝင် (၉) ယောက်အတွက် PUBG ကျောပိုးအိတ် (၄) လုံး ၊ OPPO ခေါင်းအုံး (၅) လုံးတို့လည်း ချီးမြှင့်သွားမှာဖြစ်ပါတယ်။ Campaignနဲ့ ပတ်သက်သော အချက်အလက်တွေနဲ့ ပြိုင်ပွဲ ဝင်ရောက်နိုင်ပုံတို့ကို အသေးစိတ်သိရှိလိုပါက OPPOရဲ့Official Facebook Page မှာဝင်ရောက် လေ့လာလို့ရပါတယ်။

နိုင်ငံတကာမှ Professional Photographer တွေက အသစ်ထွက်ရှိလာသော OPPO Reno3 Proရဲ့ ထူးခြားဆန်းသစ်တဲ့ ကင်မရာစွမ်းဆောင်ရည်တွေကို စမ်းသပ်နိုင်ရန် အိုက်စလန်နိုင်ငံသို့ သွားရောက်ပြီး ဖော်ပြပါဓာတ်ပုံတွေထဲက ရင်သပ်ရှုမောဖွယ် အော်ရိုရာ အလင်းတန်းတို့ရဲ့ အလှအပတို့ကို အမိအရ ဖမ်းယူခဲ့ကြတာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top