ကင်ဆာရောဂါကာကွယ်ရန် (၈) ချက်

CorePreventionVenn_200x200.jpg

အားလုံးလည်းသိကြတဲ့အတိုင်းပဲ ကင်ဆာရောဂါဆိုတာ ကြောက်စရာကောင်းပါတယ်။ ပျောက်ကင်းအောင် ကုသဖို့လည်း မလွယ်ကူပါဘူး။ ဒါ့ကြောင့် ရိုးရာလေးရဲ့ ပရိသတ်တွေကို ကင်ဆာရောဂါမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း (၈) သွယ်ကို မျှဝေပေးချင်ပါတယ်။

၁။ သင့်တော်တဲ့အလေးချိန်ရအောင်ယူပါ။

အစာနည်းနည်းကို ခဏခဏစားပါ။ အသီးအရွက်များများစားပါ။

၂။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဖယ်ထားပါ။

၃။ ဖြစ်နိုင်ရင်ဆေးလိပ်ကိုရှောင်ပါ။

ဆေးလိပ်သောက်နေပြီးသားသူတွေအတွက်တော့ ခက်ခဲမယ်ထင်ရပင်မယ့် တတ်နိုင်သလောက်ဖြတ်ပါ။

၄။ ကြက်သွန်ဖြူများများစားပါ။

ကြက်သွန်ဖြူကို ဟင်းချက်တဲ့နေရာမှာ၊ အသုပ်သုပ်တဲ့နေရာမျာပဲဖြစ်ဖြစ် ပိုပိုများများစားပေးပါ။ ဒါပေမယ့် စားသလောက် အနံ့ထွက်တာဖြစ်လို့ ခံတွင်းအနံ့မနံ့အောင်တော့ ဂရုစိုက်ပါ။

၅။ အရက်သေစာများကို တတ်နိုင်သလောက်ရှောင်ပါ။

ဒီခေတ်ကြီးမှာ ဘီယာ၊အရက်တွေ ရှောင်ဖို့ဆိုတာ လွယ်လှတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအတွက်မို့လို့ တတ်နိုင်သလောက် ရှောင်ပါ။

၆။ နေလောင်ဒဏ်မှာကာကွယ်ပါ။

နေပူထဲသွားမယ်ဆိုရင် ထီး၊ဦးထုပ်ဆောင်းပါ။ Suncream လိမ်းပါ။

၇။ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သောရောဂါမွှားများထံမှကာကွယ်ပါ။

ကျန်းမာရေးနဲ့ အညီရှိတဲ့ လူနေမှုဘဝကိုလည်း ရဖို့အရေးကြီးပါတယ်။ လိင်ကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကလည်း များပြားလှတဲ့အတွက် ဒီကိစ္စကိုလည်း ဂရုပြုပေးပါ။

၈။ ရေနွေးကြမ်းများများသောက်ပါ။

ရေနွေးကြမ်းသည် အဆိပ်ပေါင်းများစွာကိုဖြေပေးပါသည်။ ဒါ့ကြောင့် ရင်သား၊အူမကြီး၊သားအိမ်နှင့်အဆုတ်ကင်ဆာတို့မှကာကွယ်ပေးနိုင်ပါတယ်။

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်ဟာ အလွန်ပင်ကြောက်စရာကောင်းတဲ့ကင်ဆာရောဂါမှကာကွယ်နိုင်မှာ သေချာနေပါပြီ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top