အာရပ်နိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်ခံလိုက်ရတဲ့ ကာတာနိုင်ငံ

q.jpg

ကာတာနိုင်ငံကို ကျန်တဲ့ အာရပ်ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံတွေက သံတမန် ဆက်ဆံရေးအပါအဝင် ဆယ်သွယ်မှုတွေ ဖြတ်တောက်လိုက်ပါတယ်။ ဒီလိုဘာလို့လုပ်ရလဲဆိုရင် အကြမ်းဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ အိုင်အက်စ်၊ အယ်ကေဒါတို့လို အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆော်ဒီ၊ အီဂျစ်၊ ယူအေအီး၊ ဘာရိန်း၊ ယီမင်၊ လစ်ဗျား နိုင်ငံတွေက  အဆက်အသွယ်ဖြတ်ခဲ့တာပါ။

ဒီနိုင်ငံတွေမှာရှိတဲ့ ကာတာနိုင်ငံရဲ့ သံတမန်အဖွဲ့ဝင်တွေ၊ ကာတာနိုင်ငံကနေ လည်ပတ်သူတွေကိုလည်း ထွက်ခွာဖို့ ကြေညာချက်ထုတ်ထားပါပြီး လေကြောင်း၊ ရေကြောင်းနဲ့ ကုန်းကြောင်း ဆက်သွယ်မှုအားလုံးကို ပြတ်တောက်မှာဖြစ်ပါတယ်။

ခုလက်ရှိ ကာတာနိုင်ငံက လူတွေဟာ စူပါမားကတ်တွေ၊ ဆေးဆိုင်တွေမှာ အခြေခံလူသုံးကုန်၊ အစားအစာတွေ ပြတ်လပ်တဲ့အထိ ကျိတ်ကျိတ်တိုးဝယ်ယူနေကြပါတယ်။ အဆက်အသွယ် ပြတ်တောက်ခံရတာကြောင့် နိုင်ငံတော်တော်များများနဲ့ ချိတ်ဆက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့ ရောင်းချနေတဲ့လုပ်ငန်းတွေ၊ ကာတာလေကြောင်းလိုင်းလုပ်ငန်းဟာလည်း အခက်တွေ့တော့မှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top