ဥယျာဉ်ပမာ ခေတ်မီလှပတဲ့ လုံးချင်းအိမ်လေးကို ပိုင်ဆိုင်ဖို့ သင့်လက်ထဲက အခွင့်အရေး

garden-villa01.jpg

လူတိုင်း၊ မိသားစုတိုင်းအတွက် အရေးကြီးဆုံး အရာတစ်ခုလို့ဆိုရင် အိမ်ပဲဖြစ်ပါတယ်။ အိမ်ဟာ မိသားစုတွေအားလုံး စုစည်းရာ လုံခြုံနွေးထွေးမှု ပြည့်ဝတဲ့ နားခိုရာလေးဆိုလည်း မမှားပါဘူး။ ဒါဆို လုံခြုံမှု ပြည့်ဝပြီး ခေတ်မီ အရည်အသွေးမြင့် Garden Villa လုံးချင်းအိမ်ရာသစ် အကြောင်းလေးကို ပြောပြချင် ပါတယ်။ ဆိတ်ငြိမ်ပြီး၊ လှပတဲ့ ဥယျာဉ်သဖွယ် ရင်သပ်ဖွယ်ရာရှုခင်းတွေနဲ့အတူ အိမ်မက်ထဲက ကိုယ်ပိုင် လုံးချင်းအိမ်ရာလေး တစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဆိုရင်တော့ Garden Villa နဲ့အတူ အကောင်အထည်ဖော်လိုက်ရုံပါပဲ။


ဂရန်မြေနဲ့ လုံးချင်းအိမ်လေးကို သင့်တင့်မျှတတဲ့ ဈေနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ မြေအကျယ်အဝန်း စတုရန်းပေ (၁၂၅၀) မှ စပြီး အကျယ်အဝန်း စတုရန်းပေ (၂၉၇၈) အထိ ကျယ်ဝန်းတဲ့ မြေနဲ့ကားပတ်လမ်း ပါဝင်တဲ့ လုံးချင်းအိမ်ရာလေး တစ်ခုပါ။


မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့ ကျယ်ဝန်းတဲ့အခန်းတွေပါဝင်ပြီး မြေအကျယ်အဝန်း အလိုက် RC (2)ထပ် အိပ်ခန်း (၄)ခန်းပါ နှင့် RC (2)ထပ်ခွဲ အိပ်ခန်း (၅)ခန်းပါ စုစုပေါင်း ၆၃ လုံး ဆောက်လုပ် ရောင်းချမှာဖြစ်ပါတယ်။ ထမင်းစားခန်းနဲ့၊ ပစ္စည်းများထားရှိနိုင်မယ့် စတိုခန်းအပြင် ကားထားနိုင်ဖို့အတွက် ကားဂိုဒေါင်ပါ ပါဝင်ပါတယ်။


အိမ်ရာထိန်းသိမ်းရေးပါဝင်ပြီး အိမ်ရာအတွင်းလုံခြုံရေး ၊ လမ်းသန့်ရှင်းရေး များကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လုံခြုံနွေးထွေးပြီး ကိုယ်ပိုင် ဥယျာဉ်လေးနဲ့အတူ ခေတ်မီအဆင့်မြင့် အိမ်ရာလေးမှာ အပန်းဖြေနိုင်မှာဖြစ်ပါတယ်။ Garden Villa ရဲ့ ဥယျာဉ်သဖွယ် အိမ်ရာလေးကို ဝယ်ယူဖို့ အတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့အတူ အရစ်ကျနဲ့ပါ ပေးချေ ဝယ်ယူနိုင်မှာပါ။


ဒါ့အပြင် မြို့အဝင်လမ်းမကြီးဖြစ်တဲ့ ၇၄လမ်း (၆လမ်းသွား)နဲ့ အနီးဆုံး ၇၃ လမ်း (၄လမ်းသွား)ရဲ့ဘေး တံခွန်တိုင်အနီး၊ မကြာခင်အပ်နှံမည့် လူနေခန်းပေါင်း (၆၉၀) နဲ့ မြေညီထပ် ဆိုင်ခန်းပေါင်း (၉၀) ပါဝင်တဲ့ Garden City တိုက်ခန်းနဲ့ နီးနီးနားနားတည်ရှိပါတယ်။ ကားအတွက် လောင်စာဆီဖြည့်ဖို့ Denko Energy ကလည်း ရှိနေတာကြောင့် အစစအရာရာ သွားရလာရတာ လွယ်ကူတဲ့ Garden Villa ရဲ့ အိမ်ရာအသစ် မကြာခင်လာတော့မှာပဲ ဖြစ်ပါတယ်။


လုံခြုံနွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစု စံအိမ်လေးအတွက် သင့် စိတ်ကူးထဲကအတိုင်း ကိုယ်ပိုင် ဥယျာဉ်ထဲက အိမ်လေးတစ်လုံး ပိုင်ဆိုင်ဖို့ Garden Villa မှာ ရှာဖွေလိုက်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top