၂၀၁၉ တစ်နှစ်အတွင်း လူကုန်ကူးခံရသူ (၃၀၀) ကျော်ရှိ

yyl-002-1.jpg

၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူ (၃၀၀) ကျော်ရှိတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ့် နင်းရေးရဲတပ်ဖွဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်ဝါရီလမှ ဒီဇင်ဘာလအထိ လူကုန်ကူးမှုအမှုပေါင်း (၂၃၉) မှုဖြစ်ပွားခဲ့ကာ၊ အမျိုးသား (၆၁) ဦးနဲ့ အမျိုးသမီး (၂၉၇) ဦး စုစုပေါင်း (၃၅၈) ဦး လူကုန်ကူးခံခဲ့ရပါတယ်။

လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားရာဒေသမှာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပြီး ဒုတိယအများဆုံးဒေသမှာ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး တို့ဖြစ်ပြီး တတိယအများဆုံးဒေသမှာ ကချင်ပြည်နယ် တွေဖြစ်တယ်လို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့က လူကုန်ကူးမှု တားဆီးနှိမ့်နင်းရေးရဲတပ်ဖွဲ့ တရားဝင်ထုတ်ပြန်ချက် တွေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ အများဆုံးလူကုန်ကူးခံရတဲ့ နိုင်ငံမှာတရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှု (၁၉၆) မှုမှာ အဓမ္မလက်ထပ်ခိုင်းမှု၊ အတင်းအဓမ္မစေခိုင်းမှု၊ ပြည့်တန်ဆာအဖြစ်စေခိုင်းမှု၊ အဓမ္မမွေးစားမှု၊ အဌားကိုယ်ဝန်ဆောင်ခိုင်းမှု တွေဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ အတင်းအဓမ္မစေခိုင်းမှု (၂)မှု၊ ထိုင်းနိုင်ငံမှာ အဓမ္မစေခိုင်းမှု (၁) မှု ဖြစ်ပွားခဲ့ပါတယ်။ ပြည်တွင်းမှာဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု (၄၀) မှာ အဓမ္မလက်ထပ်ခိုင်းမှု၊ အဓမ္မစေခိုင်းမှု ၊ ပြည့်တန်ဆာ အဖြစ်စေခိုင်းမှုတွေ ဖြစ်တယ်လို့သိရပါတယ်။

Cherry(ရိုးရာလေး)

Photos- လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top