ခါဘီနဲ့ တိုနီဖာဂူဆန်ပွဲ ဖြစ်မြောက်အောင် ဆွေးနွေးနေတယ်လို့ အတည်ပြု

yyl-6.jpg

လာမယ့်နှစ်မှာ ရုရှားကိုယ်ခံပညာရှင် ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ အမေရိကန်ကိုယ်ခံပညာရှင် တိုနီဖာဂူဆန်တို့ပွဲစဉ် ဖြစ်မြောက်အောင် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။ လိုက်ဝိတ်ချန်ပီယံ ခါဘီနဲ့ ပရိသတ် အသည်းကျော် တိုနီဖာဂူဆန်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုးသတ်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ပွဲမဖြစ်ခဲ့ပါဘူး။ ၂၀၁၇ ခုနှစ်၊ မတ်လမှာ လိုက်ဝိတ်ချန်ပီယံခါးပတ်လုပွဲ စီစဉ်ထားခဲ့ပေမဲ့ ပွဲဖျက်ခဲ့ရပါတယ်။

”တိုနီနဲ့ ခါဘီကို ပွဲတည်လို့ရတယ်။ မက်စ်ဗီဒယ်ကိုလည်း ပွဲတည်လို့ရတယ်။ အဒီဆန်ညာကလည်း ယိုရယ်ရိုမီယိုနဲ့ ထိုးမယ်လို့ ပြောလိမ့်မယ်။ အဲဒီတော့ လာမယ့်နှစ်ကျရင် ပွဲကြီးပွဲကောင်း တော်တော်များများ ရှိပါတယ်”လို့ ဒါနာဝှိုက်က ဆိုပါတယ်။ သူဟာ မက်ဂရီဂေါ် ပြန်လာမယ့်အချိန်နဲ့ပတ်သက်ပြီးတော့လည်း ဟာသပြောခဲ့ပါသေးတယ်။ ”၂၀၂၀ ရောက်ရင်လည်း မက်ဂရီဂေါ်က နောက်နှစ်ကျရင် သံဇကာဝိုင်းထဲ ပြန်လာချင်တယ်လို့ လူသိရှင်ကြား ပြောနေဦးမှာ မြင်ယောင်ပါသေးတယ်”လို့ ဒါနာဝှိုက်က ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top