ဒေါ်လာ ၅၅ သန်းတန် စံအိမ် ၂ လုံးကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့တဲ့ မက်ကင်ဇီစကော့

9-11-2022-yyl-34.jpg

ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန် ဝတ္တုရေးဆရာမ မက်ကင်ဇီစကော့က အမေရိကန်ဒေါ်လာ ၅၅ သန်း တန်ကြေးရှိတဲ့ စံအိမ် ၂ လုံးကို ပရဟိတအဖွဲ့အစည်းတစ်ခုထံ လှူဒါန်းလိုက်ပါပြီ။ မက်ကင်ဇီစကော့ဟာ ဇူလိုင်လ ၂၉ ရက်က ဘာဗလေဟေးလ်မှာရှိတဲ့ စံအိမ် ၂ လုံးကို California Community Foundation (CCF) ထံ လွှဲပြောင်းပေးအပ်ခဲ့တာပါ။မက်ကင်ဇီစကော့နဲ့ ခင်ပွန်းဟောင်း ဂျက်ဘီဇို့စ်တို့ဟာ ၂၀၀၇ ခုနှစ်မှာ ပထမအိမ်ကို ဒေါ်လာ ၂၄.၄၅ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒုတိယအိမ်ကိုတော့ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၁၂.၉ သန်းနဲ့ ဝယ်ယူခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ချမ်းသာတဲ့ မက်ကင်ဇီစကော့ဟာ ခင်ပွန်းဟောင်းပိုင် Amazon ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ဒေါ်လာ ၈.၅ ဘီလျံဖိုးအထိ ရောင်းချခဲ့ပြီးဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ရှယ်ယာ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်နေဆဲပါပဲ။ သူဟာ လက်ရှိအချိန်အထိ ပရဟိတလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၁၂ ဘီလျံ လှူဒါန်းခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်မှာပဲ ပရဟိတအဖွဲ့အစည်း ၃၀၀ နီးပါးအတွက် အမေရိကန်ဒေါ်လာ ၂.၇ ဘီလျံ လှူဒါန်းခဲ့ပါတယ်။

Ref: Mackenzie Scott Donates Her Two Beverly Hills Mansions Worth $55 Million To Charity

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top