တရုတ်နိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၁၈ ဦး သေဆုံး

19.12.23-yyl-9.jpg

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြင်းအား ၆.၂ မဂ္ဂနီကျူ့စ်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်၊ ညဉ့်သန်းခေါင်ယံအချိန်မှာ လှုပ်ခတ်ခဲ့တဲ့ အဲဒီငလျင်ဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း တရုတ်နိုင်ငံရဲ့ သေဆုံးမှုအများဆုံး ငလျင်လှုပ်ခတ်မှု ဖြစ်လာခဲ့ပါတယ်။

ဂန်ဆုနဲ့ ချင်းဟိုင်ပြည်နယ် နယ်စပ်ကနေ ၅ ကီလိုမီတာ ကွာဝေးတဲ့နေရာမှာ မြေအောက်အနက် ၆.၂ မိုင်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဂန်ဆုပြည်နယ်မှာ လူ ၁၀၅ ဦး သေဆုံးပြီး နေအိမ် ၄၇၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ချင်းဟိုင်ပြည်နယ်မှာတော့ လူ ၁၃ ယောက် သေဆုံးခဲ့ပြီး လူ ၁၈၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိအချိန်အထိ လူ ၂၀ ပျောက်ဆုံးနေတယ်လို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ ဆောင်းရာသီ အအေးဒဏ်ကို အံ့တုပြီး ပျောက်ဆုံးသူတွေကို ညတွင်းချင်း ရှာဖွေခဲ့ကြတာပါ။

ချင်းဟိုင် – တိဘက်ကုန်းမြင့်ဒေသ ပြတ်ရွေ့ကြော အရှေ့ဘက်မှာရှိတဲ့ ဂန်ဆုပြည်နယ်မှာ ငလျင်လှုပ်ခတ်မှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်နယ်တွေဟာ တရုတ်နိုင်ငံမှာ မျိုးနွယ်စု စုံလင်စွာ နေထိုင်ရာဒေသတွေဖြစ်ပြီး အခြားပြည်နယ်တွေနဲ့ယှဉ်ရင် ဆင်းရဲနွမ်းပါးပါတယ်။

Ref:Magnitude 6.2 earthquake kills 118 in China’s Gansu, Qinghai

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top