ဂျပန်အနုပညာရှင် ဖန်တီးတဲ့ Land Cruiser 70 ရေမြှုပ်ဖော့ပြားကား

19.12.23-yyl-6.jpg

SUV ကားတစ်စီးကို လူနှစ်ယောက်တည်းနဲ့ မနိုင်တာ ဖြစ်နိုင်ပါ့မလားဆိုရင် ဖြစ်နိုင်တယ်လို့ ဆိုရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အခု ပုံမှာမြင်ရတဲ့ကားကို ရေမြှုပ်ဖော့ပြားတွေနဲ့ ဖန်တီးထားတာကြောင့်ပါပဲ။

Land Cruiser 70 SUV ကားတွေ ဈေးကွက်တွေ ပြန်လည်ဝင်ရောက်လာတဲ့အထိမ်းအမှတ်အဖြစ် ဂျပန်အနုပညာရှင် ယာမာဂူချီက Land Cruiser 70 ကားရဲ့ ပကတိအရွယ်အစားအတိုင်း ရေမြှုပ်ဖော့ပြားကား တည်ဆောက်ခဲ့တာပါ။ ကားကိုယ်ထည်၊ ပြတင်းပေါက်၊ တာယာ၊ ရှေ့မီး၊ တိုယိုတာ စာလုံးအားလုံးကို ရေမြှုပ်ဖော့ပြားနဲ့လုပ်ပြီး ဆေးမှုတ်ထားတာပါ။ ရုတ်တရက် သို့မဟုတ် အဝေးက ကြည့်လိုက်ရင် တကယ့် Land Cruiser 70 SUV ကားအစစ်လို့ ထင်စရာပါပဲ။

ဂျပန်အနုပညာရှင် ယာမာဂူချီဟာ ရေမြှုပ်ဖော့ပြားနဲ့ ရုပ်တုတွေ ပုံဖော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး Land Cruiser 70 ကားကတော့ သူ့ရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

Ref:Japanese Artist Builds Lightest Life-Size Land Cruiser 70 SUV Ever

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top