၂၀၂၁ခုနှစ်ထဲ တဟုန်ထိုး ဆက်လက်ရေပန်းစားနေတဲ့ ထိုင်းမင်းသမီး (၂) ဉီး

unnamed-3.png

ကိုရီးယားဇာတ်လမ်းတွဲတွေလိုပဲ ထိုင်းဇာတ်လမ်းတွဲတွေကလည်း မြန်မာပရိသတ်တွေရဲ့ရင်ထဲကို ထိုးဖောက်ဝင်ရောက်နေပါတယ်။ ထိုင်းဇာတ်လမ်းတွဲတွေကို မြန်မာပရိသတ်တွေအားပေးလာတာနဲ့အမျှ ထိုင်းအနုပညာရှင်တွေကိုလည်း နှစ်ခြိုက်အားပေးလာကြပါတယ်။ မြန်မာပရိသတ်တွေကြိုက်နှစ်သက်အားပေးနေတဲ့ ထိုင်းအနုပညာရှင်များစွာရှိပါတယ်။ အဲဒီအနုပညာရှင်တွေထဲကမှ နာမည်ကြီးထိုင်းမင်းသမီးနှစ်ဉီးကတော့ အခုနှစ် ၂၀၂၁ခုနှစ်မှာလည်း သူတို့ရဲ့ကျော်ကြားမှုက တဟုန်ထိုး ဆက်လက်မြင့်တက်လာနေပါတယ်။ အဲဒီမင်းသမီးနှစ်ဉီးကတော့ Mai Davika နဲ့ Baifern Pimchanok တို့ပါပဲ။ သူတို့တွေက ထိုင်းနိုင်ငံရဲ့ဘယ်ရုပ်သံလိုင်းနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့ အလွတ်တမ်းမင်းသမီးတွေပါပဲ။

Mai Davika က ၂၀၂၀ခုနှစ်တုန်းကလည်း အင်စတာဂရမ်မှာ Follower အများဆုံး ထိုင်းအမျိုးသမီးဆယ်လီ (၃) ဉီးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ခုနှစ် နှစ်ကုန်ပိုင်းမှာ Follower ၁၂.၃ သန်းရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ အင်စတာဂရမ်မှာ Follower အများဆုံးအမျိုးသမီးဆယ်လီစာရင်းရဲ့ နံပါတ် ၂ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိ Mai Davika က သူ့ရဲ့တရားဝင်အင်စတာဂရမ်အကောင့်မှာ Follower ၁၄ သန်းကျော်ရှိနေပါပြီ။ ၂၀၂၁ခုနှစ်မှာ သူ့ရဲ့ Wanthong ဇာတ်လမ်းတွဲကလည်း လူကြိုက်များခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Baifern Pimchanok က အင်စတာဂရမ်မှာ Follower ၈,၂၀၈,၅၀၇ ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ သူ့ရဲ့တရားဝင်အင်စတာဂရမ်အကောင့်မှာ ၈,၇၀၉,၃၅၃ ရှိခဲ့ပါတယ်။ အဲဒါရဲ့ရလဒ်ကြောင့် Baifern ဟာ Follower အများဆုံးအမျိုးသမီးဆယ်လီစာရင်းမှာ နံပါတ် ၁၀ နေရာကို ချိတ်ခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းတွဲအသစ် 46 Days ကလည်း ထုတ်လွှင့်ပြသလျက်ရှိပြီး ကြည့်ရှုသူပရိသတ်တွေလည်း သဘောကျနှစ်ခြိုက်နေကြပါတယ်။

Ref: Mai Davika and Baifern Pimchanok gain popularity continuously this year


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top