T-Zone အဆီပြန်တဲ့အသားရေအတွက် အသားရေထိန်းသိမ်းနည်း

t-zone.jpg

မိန်းကလေးတော်တော်များများက မိတ်ကပ်လိမ်းထားရင် Glow တဲ့ပုံစံမျိုးကိုလိုချင်ကြတာပါ။ ဒါပေမဲ့ တချို့မိန်းကလေးတွေက မGlow ဘဲနဲ့ T Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာတွေမှာ အဆီပြန်နေတတ်ကြပါတယ်။ သင်က အဲဒီလိုနေရာတွေမှာ အဆီပြန်တတ်တဲ့သူဆိုရင် မိတ်ကပ်ကွက်တာတွေဖြစ်နိုင်ပြီး ဝက်ခြံလည်း မကြာခဏပေါက်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်ရင်တော့ သင့်အသားရေနဲ့ ကိုက်ညီတဲ့ အသားရေထိန်းသိမ်းပေးတဲ့ထုတ်ကုန်တွေကို အသုံးပြုပေးသင့်တဲ့အပြင် အဆီပြန်ခြင်းကို လျော့ချပေးတဲ့မိတ်ကပ်ကို လိမ်းခြယ်ပေးသင့်ပါတယ်။ T-Zone က အဆီပြန်နေပြီး ပါးတွေကတော့ ခြောက်သွေ့နေရင် အသားရေထိန်းသိမ်းရတာ နည်းနည်းတော့ ရှုပ်ပါတယ်။ ဒါကြောင့် T-Zone အဆီပြန်တတ်သူတွေအတွက် ကိုက်ညီနိုင်မယ့် မိတ်ကပ်လိမ်းခြယ်နည်းနဲ့ အသားရေထိန်းသိမ်းနည်းကို မျှဝေပေးချင်ပါတယ်။

မျက်နှာသန့်စင်ပေးပါ (အလွန်အကျွံတော့မဖြစ်ပါစေနဲ့) – အဆီတွေ၊ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် မျက်နှာသစ်ပေးရပါမယ်။ ဒါပေမဲ့ သင့်မျက်နှာကို Scrub လုပ်တာ၊ အရည်အသွေးမကောင်းတဲ့ထုတ်ကုန်တွေအသုံးပြုတာကို ရှောင်ကျဉ်ပေးပါ။ ဒါတွေက မျက်နှာမှာ အဆီထုတ်လုပ်တာကို ပိုဆိုးရွားစေနိုင်တဲ့အတွက်ကြောင့်ပါ။ T-Zone ကို Glycolic Acid အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးနဲ့ သန့်စင်ပေးလို့ရပါတယ်။ မျက်နှာတစ်ခုလုံးကိုတော့ အစိုဓာတ်ဖြည့်ပေးတဲ့ မျက်နှာသန့်စင်နဲ့ သန့်စင်ပေးလို့ရပါတယ်။

အသားရေကို အဆီပြန်စေတဲ့တိုနာကို အသုံးမပြုပါနဲ့- အဆီပြန်တဲ့သူတွေက အသားရေစိုပြေစေတဲ့၊ အသားရေမခြောက်သွေ့စေတဲ့တိုနာတွေကို အသုံးမပြုသင့်ပါဘူး။ အယ်ကိုဟောပါဝင်တဲ့တိုနာတွေကလည်း အဆီပြန်တတ်တဲ့သူတွေအတွက် အဆင်မပြေပါဘူး။ T-Zone ကို အယ်ကိုဟောပါဝင်တဲ့တိုနာနဲ့သုတ်လိုက်မယ်ဆိုရင် ဝက်ခြံပေါက်တာ၊ နီမြန်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဆီပြန်ခြင်းကိုဖြစ်စေတဲ့တိုနာတွေကို လိမ်းခြင်းမှ ရှောင်ပါ။

Skincare တွေကို အလွန်အကျွံသုံးခြင်းမှ ရှောင်ပါ – သင်က အဆီပြန်တဲ့အသားရေရှိသူဆိုရင် Skincare ထုတ်ကုန်တွေသုံးတာ အဆင့်တွေများနေမယ့်အစား သင့်အသားရေနဲ့ကိုက်ညီတဲ့ ထုတ်ကုန်အနည်းငယ်ကိုသာ ရွေးချယ်ပါ။ သင်က မိတ်ကပ်ကို အဆီပြန်တဲ့ T-Zone မှာ လိမ်းတယ်ဆိုရင် အရင်ဆုံး Primer (သို့) Moisturiser ကို သုံးပေးဖို့ လိုအပ်ပါတယ်။ အရမ်းအဆီပြန်လာနိုင်တဲ့အတွက် (၂) ခုလုံးကို အသုံးမပြုပါနဲ့။ အဆီပြန်တဲ့သူအတွက် Skincare ထုတ်ကုန်တွေအများကြီးမလိုပါဘူး။ အဆီပြန်တဲ့အသားရေကို မထိခိုက်စေမယ့် ထုတ်ကုန်တွေကို ရွေးချယ်အသုံးပြုတတ်ဖို့ အရေးကြီးပါတယ်။

Matte type အောက်ခံမိတ်ကပ်ကို ရွေးချယ်ပါ – မိတ်ကပ်အခြောက် Matte type အောက်ခံမိတ်ကပ်က အဆီပြန်တဲ့အသားရေအတွက် အဆီပြန်တာမဖြစ်ဘဲ သိပ်သိပ်လေးဖြစ်နေစေမှာပါ။ အဆီမပါတဲ့ အောက်ခံမိတ်ကပ်ကို လိမ်းတဲ့အခါ Sponge အသုံးပြုပေးပါ။ Coverage သုံးတာကြိုက်တယ်ဆိုရင် အသားရေကို တစ်ရှုးနဲ့ဖိပေးပါ။

Concealer အသုံးမများပါစေနဲ့- တချို့လူတွေက Concealer ကို အရမ်းသုံးချင်ကြပါတယ်။ ထုတ်ပိုးထားတာကတော့ သေးသေးလေးပါပဲ။ ဒါပေမဲ့ အောက်ခံမိတ်ကပ်အရမ်းများပါတယ်။ ဒါကြောင့် အဆီပြန်တဲ့ T-Zone ကို Concealer သုံးတာက ကောင်းတဲ့နည်းတော့မဟုတ်ပါဘူး။ T-Zone မှာ Concealer သုံးမယ်ဆိုရင် လိုအပ်တာထက် အောက်ခံမိတ်ကပ်က အရမ်းများနေပြီး အဆီပြန်ကာ မိတ်ကပ်ကွက်တာတွေဖြစ်လာနိုင်ပါတယ်။

Ref: Makeup and skincare tips for an oily T-zone

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top