ဆောင်းရာသီမှာ အဖြစ်များတဲ့ နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်း

12-11-2020-yyl-035.jpg

နှုတ်ခမ်းခြောက်ပြီး အက်ကွဲတာကို လူတော်တော်များများကြုံတွေ့ကြရပါတယ်။ နှုတ်ခမ်းခြောက်တာနဲ့ပတ်သက်ပြီး အဆင်မပြေဖြစ်တဲ့အကြောင်းကို လူတော်တော်များ ငြီးငြူနေကြတာကိုလည်း တွေ့ရပါတယ်။ ဆောင်းရာသီဝင်လာတဲ့အချိန်ဆို ခါတိုင်းထက်ပိုပြီး နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာကို မကြာခဏရင်ဆိုင်ရတော့မှာပါ။ နှုတ်ခမ်းသားခြောက်သွေ့တတ်တဲ့သူတွေက ဘာလို့ အဲဒီလိုဖြစ်ရတာလဲဆိုတာကို မသိကြတာများပါတယ်။ ဒါကြောင့် အဲဒီလိုပြဿနာမျိုး ခဏခဏကြုံတွေ့ရတဲ့သူတွေက ဘာလို့ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်ရတာလဲဆိုတာရော ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ သိထားဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးကနေ မျှဝေပေးလိုက်တယ်နော်

အက်ကွဲတဲ့နှုတ်ခမ်းဆိုတာက ခြောက်သွေ့တဲ့နှုတ်ခမ်းသားကို ဖော်ပြတဲ့ ဆေးဘက်ဆိုင်ရာအသုံးအနှုန်းတော့မဟုတ်ပါဘူး။ အက်ကွဲတဲ့နှုတ်ခမ်းဆိုတာ နီမြန်းရောင်ရမ်းတာ၊ ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေပါ။ အေးမြပြီး ခြောက်သွေ့တဲ့ရာသီဥတုမျိုးမှာဆိုရင် နှုတ်ခမ်းအက်ကွဲတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီရာသီမှာ နှုတ်ခမ်းက အသားရေကလည်း အသားပက်သလိုဖြစ်လာပြီး နှုတ်ခမ်းသားအက်ကွဲလာရပါတယ်။ အေးမြပြီး ခြောက်သွေ့တဲ့ရာသီဥတုက နှုတ်ခမ်းခြောက်သွေ့အက်ကွဲခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါ။ အခြားအကြောင်းအရင်းအနေနဲ့ကတော့ နေရောင်ခြည်နဲ့ ထိတွေ့လွန်းခြင်း၊ ဓာတ်မတည့်ခြင်း၊ သိုင်းရွိုင်မညီမျှတဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါ၊ ဗီတာမင် B complex ချို့တဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။

နှုတ်ခမ်းကို လျှာနဲ့လျက်တာ၊ နှုတ်ခမ်းကိုက်တာတွေလို အလေ့အကျင့်မျိုးတွေကြောင့်လည်း နှုတ်ခမ်းအက်ကွဲနိုင်ပါတယ်။ နှုတ်ခမ်းနီမှာပါဝင်တဲ့ ဓာတုဆေးနဲ့ဓာတ်မတည့်ရင်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို နှုတ်ခမ်းသားအက်ကွဲတာမျိုးတွေဖြစ်မလာဖို့အတွက် နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝအောင် ထိန်းပါ။ နှုတ်ခမ်းကို အနံ့မပါတဲ့ ခရင်မ်နဲ့ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ နေ့တိုင်း နှုတ်ခမ်းသားကို ပေါင်းတင်ပေးသင့်ပါတယ်။ အဆီလိမ်းပေးလို့လည်းရပါတယ်။ အပြင်ထွက်တဲ့အခါတိုင်း နေလောင်ဒဏ်ကာကွယ်ပေးတဲ့ နှုတ်ခမ်းနီကို ဆိုးပေးပါ။ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်လည်းနေပါ။ ဝမ်းချုပ်တာကြောင့်လည်း နှုတ်ခမ်းသားအက်ကွဲနိုင်တဲ့အတွက် ဝမ်းမချုပ်အောင်လည်း ဂရုစိုက်ပေးသင့်ပါတယ်။

Ref: Everything you need to know about chapped lips

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top