အခြားသူတွေဘေးကင်းဖို့ လမ်းမထက်က ချိုင့်ကွက်ကို ဖာထေးပေးနေတဲ့ လူငယ်လေး

1-10-2020-yyl-013.jpg

လမ်းတွေထက်မှာ ချိုင့်ကွက်တွေ၊ အပေါက်တွေဖြစ်နေရင် စိတ်ပျက်ဖို့ကောင်းလှပါတယ်။ အဲဒါထက် ပိုစိတ်ပျက်ဖို့ကောင်းတာက ချိုင့်ကွက်တွေကို ချက်ချင်းဖာထေးပြုပြင်လို့မရတာပါပဲ။ တချို့လူတွေဆို လမ်းမပေါ်က ချိုင့်ကွက်တွေကို ဖာထေးဖို့ မပြောနဲ့ ကျောက်တုံးလို အဟန့်အတားဖြစ်နေတဲ့ အရာတွေရှိရင်တောင် မမြင်ချင်ယောင်ဆောင်ကာ ရှောင်လွှဲသွားကြတာပါ။ အများအကျိုးအတွက် လမ်းမထက်မှာ ချိုင့်ကွက်တွေ့ရင် ကိုယ်လုပ်ပေးနိုင်သလောက် ဖာထေးပေးတဲ့လူဆိုတာ ရှိတော့ရှိပါတယ်။

အစိုးရကလည်း တက်နိုင်သလောက် လမ်းတွေကောင်းအောင် ပြုပြင်ဆောင်ရွက်ပေးကြတဲ့အပြင် ပရဟိတအဖွဲ့အစည်းတွေကလည်း လုပ်ဆောင်ပေးကြပါတယ်။ လူငယ်တွေကလည်း အမြင်မတော်ရင် လမ်းဖာထေးပေးသင့်တယ်ဆိုတဲ့ စိတ်ဓာတ်လေးတွေရှိနေတာတွေ့ရပါတယ်။ မကြာသေးခင်ကမှ မလေးရှားနိုင်ငံက လမ်းဖာထေးပေးနေတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ပုံတွေက လူမှုကွန်ယက်ပေါ်တွေမှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီလူငယ်လေးက ဂျဟိုးပြည်နယ်ရဲ့လမ်းမထက်မှာ ရှိနေတဲ့ ချိုင့်ကွက်တစ်ခုကို သူ့တက်နိုင်သလောက် ဖာထေးပေးနေတာကို ပုံတွေထဲမှာ မြင်တွေ့နေရပါတယ်။ ပုံတွေနဲ့အတူ “Kulai မြို့လေးကနေ Bandar Puteri ဘက်ကို သွားတဲ့ လမ်းမှာ ချိုင့်ကွက်အကြီးကြီးတစ်ခုရှိပါတယ်။ လမ်းသွားလမ်းလာတွေအတွက် အန္တရာယ်ကင်းဖို့အတွက် အဲဒီချိုင့်ကွက်ကို ဖာထေးပြုပြင်ဖို့ အကောင်းဆုံးလုပ်ဆောင်နေတဲ့ ကြင်နာတတ်တဲ့ လူငယ်လေးတစ်ယောက်ကို ကျွန်တော်မြင်ခဲ့တယ်။ အစိုးရ ပြုပြင်ပေးဖို့ထိ စောင့်ဖို့က ကြာဦးမှာဖြစ်တဲ့အတွက် လမ်းဖာထေးဖို့အတွက် ကျွန်တော်တို့ကိုယ်အားကိုယ်ကိုးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျွန်တော် ကျေးဇူးတင်မိတယ်”လို့ ရေးထားပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတင်ထားတဲ့ ပို့စ်က ပုံတွေမှာ ကျောက်ခဲတွေထည့်ထားတဲ့လက်ဆွဲပုံးတစ်ပုံးနဲ့ လူငယ်လေးကို တွေ့ရမှာပါ။ သူ ယူလာတဲ့ကျောက်ခဲတွေကို ချိုင့်ကွက်အပေါက်မှာထည့်ကာ ဖာထေးပေးနေပါတယ်။ သူ လုပ်နိုင်သလောက် ဖာထေးပေးထားတာကိုလည်း တွေ့ရမှာပါ။ လမ်းဖာထေးထားတာ ကြည့်မကောင်းပေးမဲ့ အနည်းဆုံးတော့ အဲဒီနားဖြတ်လျှောက်တဲ့လူတွေ ချိုင့်ကွက်ကို နင်းမိမှာမဟုတ်တော့ဘူး။ သတိထားမိသွားစေပါတယ်။

Ref: WorldofBuzz “Malaysian Tries His Best To Repair Pothole in Johor By Himself For The Safety Of Other Road Users”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top