တယ်လီနောမြန်မာဆင်းကတ်တွေကို အခမဲ့ အိမ်တိုင်ရာရောက် ပေးပို့ဝန်ဆောင်မှုနဲ့ အွန်လိုင်းကတစ်ဆင့် ဝယ်ယူနိုင်

WhatsApp-Image-2020-10-01-at-12.58.41-PM.jpeg

တယ်လီနောမြန်မာက လက်ရှိသုံးစွဲသူတွေနဲ့ သုံးစွဲသူအသစ်တွေအတွက် သူတို့ရဲ့ဝက်ဆိုဒ်ကနေတစ်ဆင့် တစ်နေရာတည်းမှာ ဆင်းကတ်အသစ်တွေကို ဝယ်ယူပြီး အခမဲ့ပို့ဆောင်ပေးမယ့် ဝန်‌ဆောင်မှုအသစ်ကို Ongo နဲ့ပူးပေါင်းကာ အောက်တိုဘာ ၁ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။ တယ်လီနောမြန်မာက သုံးစွဲသူတွေ အဆင်ပြေစေရန်နဲ့ ဘေးကင်းလုံခြုံစေဖို့ အခုလို ဝန်ဆောင်မှုကို မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကဏ္ဍမှာ ဦးဆုံးမိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

လက်ရှိသုံးစွဲသူတွေနဲ့ သုံးစွဲသူအသစ်တွေက တယ်လီနောမြန်မာဝက်ဆိုဒ်မှာ အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး မိမိစိတ်ကြိုက်နံပါတ်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ငွေပေးချေမှုတွေကို အိမ်အရောက်ပို့ ငွေချေစနစ်နဲ့ ပြုလုပ်နိုင်ပါတယ်။

ဆင်းကတ်တစ်ခုကို မြန်မာကျပ် ၁,၅၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး တယ်လီနောမြန်မာရဲ့ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်ဖြစ်တဲ့ Ongo က ၄၈ နာရီအတွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ ဆင်းကတ် အသစ်ဝယ်ယူထားတဲ့ သုံးစွဲသူတွေ အဆင်ပြေပြေမှတ်ပုံတင်နိုင်ရေး (မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် နိုင်ငံခြားသားတွေအတွက် နိုင်ငံကူးလက်မှတ်နဲ့) Ongo ဝန်ထမ်းတွေက ကူညီဆောင် ရွက်ပေးသွားမှာဖြစ်ပါတယ်။

တယ်လီနောမြန်မာက သူတို့ရဲ့ဝက်ဆိုဒ်မှာ ဆင်းကတ်ဝယ်ယူခြင်းအတွက် အထူးပရိုမိုးရှင်းတွေလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။ သုံးစွဲသူတွေက ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာကျပ်ငွေ ၁,၀၀၀ ငွေဖြည့်သွင်းပါက ဖုန်းဘေလ် ၁,၀၀၀ ကျပ်အပြင် ဒေတာ 1 GB အခမဲ့နဲ့ ရက် ၉၀ ကြာ ဖေ့စ်ဘွတ်ညလုံးပေါက် သုံးစွဲခွင့်တို့ကို အပိုထပ်ဆောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ဒါ့အပြင် အွန်လိုင်းက ဝယ်ယူခြင်းအတွက် ဒေတာလက်ဆောင် 2 GB ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။ စုစုပေါင်း ဒေတာလက်‌ဆောင် 3 GB အထိ ရရှိမှာဖြစ်ပါတယ်။

အွန်လိုင်းက ဆင်းကတ်ဝယ်ယူတာကို လက်ရှိမှာ ရန်ကုန်မြို့အတွင်းသာ ရရှိမှာဖြစ်ပါတယ်။ အခြားမြို့တွေက လည်း ဝယ်ယူရရှိနိုင်ရေးအတွက် တယ်လီနောမြန်မာအနေနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top