အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယားသင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး ပါဝင်

5-1-2021-yyl-15.jpg

ပင်လယ်ကွေ့ဒေသမှာ အီရန်နိုင်ငံ ဖမ်းဆီးခဲ့တဲ့ တောင်ကိုရီးယား ဓာတုကုန်တင် သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ဦး ပါဝင်တယ်လို့ The Drive သတင်းဌာနက ဖော်ပြပါတယ်။ တောင်ကိုရီးယားအလံ လွှင့်ထူထားသည့် ဓာတုကုန်တင် သင်္ဘော(HANKUK CHEMI)ကို ဇန်နဝါရီလ ၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ဟော်မုဇ်ရေလက်ကြားမှာ ထိန်းသိမ်းခဲ့တာပါ။ အဲဒီသင်္ဘောက ပါရှန်းပင်လယ်ကွေ့မှာ သဘာဝပတ်ဝန်းကျင်နဲ့ ဓာတုဆိုင်ရာ ညစ်ညမ်းမှုတွေ ဖြစ်စေလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ အီရန်နိုင်ငံက ပြောပါတယ်။

ရေနံထွက် ဓာတုပစ္စည်း တန်ချိန် ၇၂၀၀ တင်ဆောင်ထားတဲ့ အဲဒီသင်္ဘောဟာ ဆော်ဒီနိုင်ငံကနေ ယူအေအီးနိုင်ငံထံ ဦးတည်နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီသင်္ဘောပေါ်မှာ မြန်မာသင်္ဘောသား ၁၁ ယောက်၊ ကိုရီးယားသင်္ဘောသား ၅ ယောက်၊ အင်ဒိုနီးရှားသင်္ဘောသား ၂ ယောက်၊ ဗီယက်နမ် သင်္ဘောသား ၂ ယောက် ပါဝင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သံရုံးက သင်္ဘောသားတွေ ဘေးကင်းလုံခြုံမှုရှိ၊ မရှိ ဆက်သွယ်မေးမြန်းနေပြီး သင်္ဘောကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ချောင်ဟေးပင်လယ်ဓားပြ ချေမှုန်းရေးတပ်ဖွဲ့ကို ဟော်မုဇ်ရေလက်ကြားထံ စေလွှတ်ထားပါတယ်။

Ref: The Drive & CNN ” South Korea Sends Its Forces Into The Strait Of Hormuz After Iran Seizes Tanker”
Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top