သတို့သားဝတ်စုံနဲ့ ဈာပနပွဲ

weed.jpg

လာမယ့်နိုဝင်ဘာလကျရင် တက္ကသိုလ်ကျောင်းတုန်းက ချစ်သူမိန်းကလေးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတဲ့ ၂၇ နှစ်အရွယ် စင်ကာပူနိုင်ငံသား နာသန်နီယယ်ဟာ ကြုံတောင့်ကြုံခဲ ဦးနှောက်ရောဂါကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်က ကွယ်လွန်သွားခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့ တန်ဟာ ဦးနှောက်သွေးကြောထုံး ရောဂါ (Arteriovenous Malformation (AVM) အဆင့်(၄) ခံစားနေရာတာဖြစ်ပြီး ကုသမှုအမျိုးမျိုး ခံယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ သွေးကြောထဲက အကြိတ်ကို ခွဲစိတ်ဖယ်ရှားမှု လုပ်ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာခြင်းမရှိဘဲ ရက်ပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့တာပါ။


သူ့အတွက် ရှင်သန်ချိန် သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ တန်က သူ့ရဲ့နောက်ဆုံးဆန္ဒအဖြစ် အသည်း၊ ကျောက်ကပ် ၂ လုံးနဲ့ သွေးပြန်ကြောကို လှူဒါန်းဖို့ သူ့ဇနီးလောင်းကို မှာကြားခဲ့ပါတယ်။ တန်ရဲ့ လှူဒါန်းမှုဟာ လူ ၄ ဦးကို အသက်ကယ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

နာသန်နီယယ်တန်ရဲ့ ဈာပနပွဲမှာတော့ မင်္ဂလာအခမ်းအနားမှာ ဝတ်ဆင်မယ့် သတို့သားဝတ်စုံကို ဝတ်ဆင်ပေးထားတာ တွေ့ရပါတယ်။ နောက်ဆုံးအချိန်အထိ နာသန်နီယယ်တန်ရဲ့ ဘေးမှာ အနီးကပ်ရှိနေပေးခဲ့တဲ့ ချွေးမလောင်းကို သူ့သမီးလေးအဖြစ် တသက်လုံး သဘောထားသွားမှာပါလို့ တန်ရဲ့မိခင်က ဆိုပါတယ်။

Ref: Man, 27, who donated organs after death dressed in wedding suit for funeral

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top