လူထုဝတ်ပြုပွဲမှာ လူသောင်းချီ ပါဝင်

praying.jpg

Covid-19 ကူးစက်မှာ စိုးရိမ်ပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ လူထုဝတ်ပြုပွဲမှာ လူသောင်းချီ ပါဝင်ခဲ့ပါတယ်။ရိုင်ပူရ်မြို့က လူထုဝတ်ပြုပွဲမှာ မွတ်စလင် ၁၀၀၀၀ စုဝေးခဲ့ကြတယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ တိုတာမီယာက ပြောပါတယ်။ ဒါပေမဲ့ ဝတ်ပြုပွဲကို လာရောက်သူ ၃၀၀၀၀ လောက် ရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မလေးရှားနိုင်ငံမှာ အလားတူဝတ်ပြုပွဲ ကျင်းပခဲ့လို့ လူ ၅၀၀ ကျော် Covid-19 ကူးစက်ခံခဲ့ရပါတယ်။ လူ ၁၆၀၀၀ တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံရဲ့ ဝတ်ပြုပွဲကြောင့် ဘရူနိုင်း၊ စင်ကာပူနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေအထိ Covid-19 ကူးစက်ပျံ့နှံ့ခဲ့ပါတယ်။

နောက်ထပ်ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကာကွယ်နိုင်ဖို့ မလေးရှားအစိုးရက လူစုလူဝေး အခမ်းအနားအားလုံးကို ပိတ်ပင်ခဲ့ပြီး နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Covid-19 ကူးစက်ခံထားရသူ ၁၇ ဦး ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top