အသက် ၃ နှစ်အရွယ်မှာ ပြန်ပေးဆွဲခံရပြီး ၂၈ နှစ်အကြာမှ မိဘအရင်းတွေနဲ့ ပြန်လည်ပေါင်းစည်းခဲ့ရတဲ့ အမျိုးသား

18.9.23-yyl-7.jpg

ငယ်စဉ်က ပြန်ပေးဆွဲခံလိုက်ရတဲ့ တရုတ်လူမျိုးအမျိုးသားတစ်ဦးဟာ ၂၈ နှစ်အကြာမှာ သူ့ရဲ့မိဘအရင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရပါပြီ။ အခုဆိုရင် ခိုင်ရီဆိုတဲ့ အဲ့ဒီအမျိုးသားက အသက် ၃၂ နှစ်ရှိပါပြီ။ သူ့အသက် ၃ နှစ်မှာ စီချွမ်ပြည်နယ်က ပင်လယ်စာဈေးတစ်ခုမှာ ပြန်ပေးဆွဲခံခဲ့ရတာပါ။

သူ့ကို တရုတ်နိုင်ငံအပြင်ဘက်ခေါ်မထုတ်ခင် ကွမ်တုန်းပြည်နယ်ကို ခေါ်ဆောင်သွားခဲ့တာပါ။ ၂၀၂၁ ခုနှစ်မှာ ခိုင်ရီဟာ ပျောက်ဆုံးနေသူတွေကို ချစ်ရသူတွေနဲ့ပြန်လည်ပေါင်းစည်းဖို့ ကူညီပေးတဲ့ ပရဟိတအဖွဲ့အစည်း “Bao Bei Hui Jia” မှာ စာရင်းသွင်းခဲ့တာပါ။ ခိုင်ရီရဲ့မိခင်အရင်းဖြစ်သူက ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ မိဘတွေကို ရှာဖွေနေတယ်ဆိုတဲ့ ခိုင်ရီရဲ့ဗီဒီယိုကို မြင်တွေ့သွားခဲ့ပြီး ခိုင်ရီက သူ့သားဖြစ်နိုင်တယ်လို့ ထင်ကာ ပရဟိတအဖွဲ့အစည်းကို ဆက်သွယ်ခဲ့ပါတယ်။

၂ လအကြာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ခိုင်ရီက စင်ကာပူနိုင်ငံကနေ တရုတ်နိုင်ငံ၊ ချန်ဒူးမြို့ကို လာပြီး သူ့မိဘအရင်းတွေနဲ့ လာတွေ့ခဲ့ပါတယ်။ သူ့ဇနီးဖြစ်သူကိုပါ ခေါ်ဆောင်လာခဲ့တာပါ။ မိဘအရင်းနဲ့ပြန်လည်ဆုံစည်းတဲ့ဗီဒီယိုက လမုန့်ပွဲတော်မတိုင်ခင် ထွက်ပေါ်လာခဲ့ပြီး တရုတ်လူမှုကွန်ယက်ပေါ်တွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ခိုင်ရီက သူ့မိဘတွေကို ပွေ့ဖက်ခဲ့ပြီး သူ့အမေကို ပွေ့ဖက်နေစဉ် သူ့အဖေက ဘေးကနေရပ်နေပြီးတော့ မျက်ရည်တွေသုတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ခိုင်ရီကို ဘယ်သူတွေက ပြန်ပေးဆွဲခဲ့ပြီး သူ ဘယ်မှာ ဘယ်သူတွေနဲ့ နေထိုင်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

Ref: Man, 32, abducted when he was 3, goes from S’pore to China to reunite with biological parents after 28-year search

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top