လူတွေကို ပျော်စေချင်လို့ အမှိုက်ပုံးကား တီထွင်ခဲ့သူ

11.5.2023-yyl-2.jpg

သူတို့ဘေးကနေ အမှိုက်ပုံးကားစီးပြီး ဖြတ်သွားတဲ့အခါ လူတွေ ပြုံးကြတယ်။ ရယ်ကြတယ်။ ဒါကြောင့်လည်း ကီဗင်နစ်က အမှိုက်ပုံးကား တီထွင်ရကျိုး နပ်တယ်လို့ မှတ်ယူထားတာပါ။ သူက လူတွေ ပျော်ရွှင်အောင် ရည်ရွယ်ပြီး အမှိုက်ပုံးကား တီထွင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကားက တစ်နာရီ ၈ မိုင်နှုန်းလောက် မောင်းနှင်လို့ ရပါတယ်။

စစချင်းတော့ ကီဗင်နစ်က ကမ္ဘာ့အမြန်ဆုံး မြက်ရိတ်စက် တီထွင်ဖို့ အကြံရခဲ့တာပါ။ ဒါပေမဲ့ တခြားသူတစ်ယောက် တီထွင်ပြီးသား ဖြစ်နေသလို တစ်နာရီ မိုင် ၁၄၀ နှုန်းအထိ စံချိန်တင်ထားလို့ သူ လက်လျှော့ခဲ့တာပါ။ အဲဒီနောက်မှာ ကမ္ဘာ့အမြန်ဆုံး အမှိုက်ပုံးကား တီထွင်ဖို့ အကြံရခဲ့ပါတယ်။ သူ့အရင် ကမ္ဘာ့အမြန်ဆုံး အမှိုက်ပုံးကားအဖြစ် စံချိန်တင်ထားသူရှိပြီး ကင်ဆာရောဂါ ခံစားနေရတဲ့ မိတ်ဆွေကို ဂုဏ်ပြုတဲ့အနေနဲ့ စံချိန်တင်ထားတာဖြစ်လို့ အဲဒီစံချိန်ကို မချိုးဖို့ ကီဗင်နစ်က ဆုံးဖြတ်ခဲ့တာပါ။

Ref: Man Builds Motorized Trash Bin Complete with Steering Wheel and Horn that Goes 8 mph (VIDEO)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top