တောင်စောင်းတစ်ခြမ်းလုံးကို နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်

11.5.2023-yyl-4.jpg

စားပွဲဝိုင်း ၉၀၀ လောက် ရှိပြီး တစ်ကြိမ်ကို လူ ၅၈၀၀ လောက်အထိ စားသောက်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်ကြီးကတော့ တရုတ်နိုင်ငံ ချုံကင်းမြို့မှာ တည်ရှိပါတယ်။ ပီပါယွမ်လို့ အမည်ရတဲ့ ဟော့ပေါ့ဆိုင်ဟာ မတ်စောက်တဲ့ တောင်စောင်းပေါ်မှာ တည်ဆောက်ထားတာပါ။ တောင်ခြေကားပါကင်ကနေ ဆိုင်ထဲကို ရောက်ဖို့ နာရီဝက်လောက် သွားရပါတယ်။

သွားရေးလာရေး မလွယ်ကူပေမဲ့ လတ်ဆတ်ပြီး စုံလင်တဲ့ စားစရာတွေနဲ့ သာယာလှပတဲ့ ရှုခင်းကြောင့် ပီပါယွမ်ဟော့ပေါ့ဆိုင်မှာ နေ့ရော၊ ညရော လူစည်ကားနေလေ့ ရှိပါပြီး ဝန်ထမ်းရာနဲ့ချီ ခန့်ထားရပါတယ်။ စတုရန်းမီတာ ၃၃၀၀ ကျယ်ဝန်းတဲ့ ပီပါယွမ်ဟော့ပေါ့ဆိုင်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့အကြီးဆုံး ဟော့ပေါ့ဆိုင်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။

Ref: The World’s Largest Hot Pot Restaurant Occupies Half a Hill, Can Serve Up to 5,800 People

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top