တောင်ခြင်္သေ့နဲ့ သတ်ပုတ်ပြီး သားငယ်ကို ကယ်တင်ခဲ့တဲ့မိခင်

tiger_001.gif

(၅)နှစ်အရွယ် သားငယ်ရဲ့ စူးစူးဝါးဝါး အော်သံကြားလို့ အိမ်ရှေ့ ထွက်ကြည့်တော့ သားငယ်ကို တောင်ခြင်္သေ့ ကိုက်နေတာ တွေ့ရပြီးတဲ့နောက် မိခင်ဟာ တောင်ခြင်္သေ့ကို လက်ချည်းဗလာ သတ်ပုတ်ခဲ့ပြီး သားငယ်ကို တောင်ခြင်္သေ့ ပါးစပ်ထဲက ကယ်တင်နိုင်ခဲ့ပါတယ်။

(၅)နှစ်အရွယ် ကလေးငယ်ဟာ သူ့အစ်ကိုနဲ့အတူ အိမ်ရှေ့မှာ ကစားနေတုန်း တောင်ခြင်္သေ့ ကိုက်ခံခဲ့ရတာပါ။

အဲဒီတောင်ခြင်္သေ့က ပေါင်(၁၁၀)ရှိပြီး နှစ်နှစ်သားအရွယ်လောက် ရှိပါတယ်။ ဖြစ်စဉ်ကို တွေ့ခဲ့ပြီးတဲ့နောက် မိခင်ဟာ တောင်ခြင်္သေ့ရဲ့ ခြေထောက်တစ်ဖက်ကို ဆွဲပြီး သားငယ်ရဲ့ ခေါင်းကို ကိုက်ထားတဲ့ တောင်ခြင်္သေ့ရဲ့ ပါးစပ်ကို ဆွဲဖြဲခဲ့ပါတယ်။ တောင်ခြင်္သေ့က ကလေးကို လွှတ်ပြီး မိခင်ကို ပြန်ကိုက်၊ ကုတ်ခြစ်ခဲ့ပေမယ့် ခဏအကြာမှာ ထွက်ပြေးသွားခဲ့ပါတယ်။ ကလေးငယ်ဟာ ဦးခေါင်း၊ မျက်နှာနဲ့ လည်ပင်းမှာ ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူကတော့ လက်နဲ့ ခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်။

တောင်ခြင်္သေ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ကလေးရော၊ မိခင်ပါ ဆေးရုံတက်ခဲ့ရပေမယ့် နှစ်ဦးလုံး စိုးရိမ်စရာအခြေအနေမရှိဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ ည(၈)နာရီအချိန် အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အခုလို ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်အာဏာပိုင်တွေနဲ့ သစ်တောရေးရာ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာ နေရာအနီးမှာ ကလေးငယ်ကို တိုက်ခိုက်ခဲ့တဲ့ တောင်ခြင်္သေ့ကို တွေ့ရှိခဲ့ပြီး အသေဖမ်းဆီးခဲ့သလို တောင်ခြင်္သေ့ နောက်တစ်ကောင်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ Guardian သတင်းဌာနက ဖော်ပြပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top